Eleven Media Group

ယာဂန်ကလော့ပ်ကို အဂွဲရိုး ချီးကျူး

Photo: Daily Mail

မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး အဂွဲရိုးက ပရီးမီးယားလိဂ်အနေဖြင့် ယခုရာသီကုန်တွင် လီဗာပူးလ်မှထွက်ခွာမည့် နည်းပြ ကလော့ပ်ကို လွမ်းဆွတ်နေရမည်ဟု ပြောကြားခဲ့သည်။
အဂွဲရိုးသည် လီဗာပူးလ်နည်းပြ ကလော့ပ်၏ပြိုင်ဘက်ဖြစ်သည့် မန်စီးတီး၌ ကစားခဲ့သော်လည်း ကလော့ပ်ကို ချီးကျူးခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးက ''ကလော့ပ်က လီဗာပူးလ်ကို ဆွဲတင်ခဲ့သူပါ။ ကလော့ပ်ရဲ့ စီမံခန့်ခွဲမှုတွေက အရမ်းကောင်းပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ သူ့ကို လွမ်းနေရမှာပါ။ သူက ကစားသမားတွေကို ကောင်းကောင်းသင်ပေးနိုင်တဲ့ နည်းပြဖြစ်ပြီး သူ့လက်အောက်မှာ ကစားရတာ အရမ်းကို ကောင်းမှာပါ''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group