Xinhua Myanmar

ကမ္ဘာ့လူငယ် စားပွဲတင်တင်းနစ် တစ်ဦးချင်းချန်ပီယံဆုအား ဂိုဒါ ပထမဆုံးရရှိမှုကို အီဂျစ်နိုင်ငံမှ ချီးကျူးဂုဏ်ပြု

တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသည့် ၂၀၂၆ ITTF အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် အီဂျစ်နိုင်ငံမှ ဟာနာဂိုဒါတို့ ၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်က ယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း အီဂျစ်နိုင်ငံမှ ဟာနာဂိုဒါကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ကမ္ဘာ့လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တစ်ဦးချင်းချန်ပီယံဆုကို ရရှိသည့် ပထမဆုံး အာဖရိကတိုက်သား ကစားသမား ဖြစ်လာသည့် စားပွဲတင်တင်းနစ် ကစားသမား ဟာနာဂိုဒါအား အီဂျစ်နိုင်ငံ လူငယ်ရေးရာနှင့် အားကစားဝန်ကြီး Gohar Nabil က နိုဝင်ဘာ ၂၈ ရက်၌ ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အသက် ၁၉ နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂိုဒါက ပြင်သစ်နိုင်ငံမှ Leana Hochart ကို ရလဒ် ၄-၁ ဖြင့် အနိုင်ရရှိခဲ့ရာ ယင်းမှာ "အီဂျစ် အားကစားလောကအတွက်သာမက အာရပ်နှင့် အာဖရိကဒေသအဆင့်များတွင်ပါ သမိုင်းဝင် မကြုံစဖူးအောင်မြင်မှု" ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။

ပြိုင်ပွဲတစ်လျှောက် ဂိုဒါ၏ ထူးချွန်သော စွမ်းဆောင်ရည်နှင့် ကြံ့ခိုင်သည့် စိတ်ဓာတ်တို့အတွက် ဝန်ကြီး Nabil က ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးက အီဂျစ်နိုင်ငံအနေဖြင့် လူငယ်အားကစားသမားများအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး လိုအပ်သော စောင့်ရှောက်မှု အားလုံးကို ပေးအပ်သွားရန် ကတိကဝတ်ပြုကြောင်း အတည်ပြုပြောကြားခဲ့သည်။

အဆိုပါချန်ပီယံရှစ်ပြိုင်ပွဲကို တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Egypt hails Goda's maiden world youth table tennis singles title

CAIRO, Nov. 28 (Xinhua) -- Egyptian Minister of Youth and Sports Gohar Nabil on Saturday congratulated table tennis player Hana Goda on becoming the first African player to win a singles title at the International Table Tennis Federation (ITTF) World Youth Championships, according to a ministry statement.

Goda defeated France's Leana Hochart 4-1 in the under-19 girls' singles final, marking what the ministry described as "a historic and unprecedented achievement for Egyptian sports and at the Arab and African levels."

Nabil expressed pride in Goda's outstanding performance and fighting spirit throughout the tournament.

The minister also affirmed the country's continued support for young athletes and its commitment to providing them with all necessary care.

The championships were held in Istanbul, Türkiye from Nov. 21 to 28. ■

Photo caption: Hana Goda of Egypt reacts during the women's singles quarterfinal match between Sun Yingsha of China and Hana Goda of Egypt at the ITTF Men's and Women's World Cup 2026 in Macao, China, April 4, 2026. (Xinhua/Yu Yang)

မူရင်းသတင်း — Xinhua Myanmar