
မွန်တီဗီဒီယို၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၈ ရက်က ဥရုဂွေးနိုင်ငံ မွန်တီဗီဒီယိုမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါလစ်ဘာတာဒိုးရက်စ်ဖလား ဗိုလ်လုပွဲ၌ ပါလ်မီးရက်စ်အသင်းက အက်စတူဒီယန်တက်စ်အသင်းကို ပွဲချိန်ဒုတိယပိုင်းတွင် ရာမွန် ဆိုဆာ သွင်းယူခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ယူကာ အဆိုပါပြိုင်ပွဲတွင် လေးကြိမ်မြောက် ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။
ဥရုဂွေးနိုင်ငံရှိ ဆန်တီနာရီယို အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ပထမပိုင်းတွင် ဂိုးသွင်းခွင့် မည်မည်ရရမရှိဘဲ ပျင်းရိဖွယ်ဖြစ်ခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ ပွဲမှာ ပိုမိုမြိုင်ဆိုင်လာပြီး အကြိတ်အနယ်ရှိလာခဲ့သည်။ ပွဲချိန် ၅၂ မိနစ်တွင် မာလွန် ဖရီးတက်စ်၏ ထောင့်ဖြတ်ဘောပေးပို့မှုကို အာသာ ဂါဘရီရယ်က သေသေသပ်သပ်ထိန်းကာ ဂျွန် အာရီးယက်စ်၏ ပြေးလမ်းကြောင်းထဲသို့ အနေတော်ခင်းပေးခဲ့ရာမှ ဘရာဇီးကလပ်အသင်း အဖွင့်ဂိုးရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုလံဘီယာကွင်းလယ်လူ၏ ခေါင်းတိုက်ချပေးမှုကို ဆိုဆာက ခြောက်ကိုက်စည်းအစပ်နားမှ ဘောလုံးထိချက်တစ်ချက်တည်းဖြင့် အပြင်းကန်သွင်းခဲ့ရာ ဂိုးသမား ဖာနန်ဒို မူဆလီယာ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် အက်စတူဒီယန်တက်စ်အသင်း တိုက်စစ်အရှိန်မြှင့်လာခဲ့ပြီး ဂွီဒို ကာရီလို လေထဲတွင်ခုန်၍ မြေမကျကန်သွင်းချက်ကို ဂိုးသမား ကားလို့စ် မစ်ဂယ် အလျင်အမြန် ပုတ်ထုတ်ကာကွယ်ခဲ့ရသည်။
ပွဲချိန် ၇၄ မိနစ်တွင် အက်စတူဒီယန်တက်စ်အသင်း အပိုင်အခွင့်အရေး ရရှိခဲ့သော်လည်း အက်ဒွင် ဆက်ထရီ၏ အနီးကပ်ခေါင်းတိုက်ချက်ကို ဂိုးသမားမစ်ဂယ်က ၎င်း၏ အနီးတိုင်နားတွင် လျှပ်တစ်ပြက်ကာကွယ်သွားနိုင်ခဲ့သည်။
ထို့နောက် ပါလ်မီးရက်စ်အသင်းက ခံစစ်ကို အခိုင်အမာပိတ်ဆို့ကစားသွားခဲ့ပြီး ပေါ်တူဂီနိုင်ငံသားနည်းပြ အေဘယ်လ် ဖာရဲရားလက်ထက်၌ ၇ နှစ်အတွင်း ကိုပါလစ်ဘာတာဒိုးရက်စ် ချန်ပီယံဆုဖလားကို ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ ယခုအနိုင်ရလဒ်ကြောင့် တောင်အမေရိက၏ အဆင့်အမြင့်ဆုံး ကလပ်အသင်းများပြိုင်ပွဲတွင် ဘရာဇီးကလပ်များက ချန်ပီယံဆုဖလားကို ၈ နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် အနိုင်ရလိုစိတ်ထက် အနိုင်ရမှာကို စိုးရွံ့တဲ့စိတ်က လွှမ်းမိုးမသွားစေဖို့ ကစားသမားတွေကို ကျွန်တော် မှာထားခဲ့တယ်" ဟု ယမန်နှစ် ဗိုလ်လုပွဲ၌ ဖလာမင်ဂိုအသင်းအား ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုကို ရည်ညွှန်းလျက် ဖာရဲရားက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ဖိအားများတဲ့အချိန်၊ အကြိတ်အနယ်ရှိတဲ့အချိန်တွေမှာ ထိပ်တန်းကစားသမားတွေက ပုံမှန်လုပ်နေကျအတိုင်း စွမ်းဆောင်နိုင်စွမ်းရှိကြတယ်။ ဒီနေ့တော့ သူတို့ ပုံမှန်လုပ်နေကျအတိုင်းပဲ ကစားခဲ့ကြတယ်၊ စနစ်တကျရှိတယ်၊ မကြောက်စတမ်း ယှဉ်ပြိုင်ခဲ့ကြတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ကလပ်အသင်းအတွက် ပဉ္စမမြောက် လစ်ဘာတာဒိုးရက်စ် ချန်ပီယံဆုနှင့် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ရန် ကြိုးပမ်းခဲ့သည့် အက်စတူဒီယန်တက်စ်အသင်းနည်းပြ အလက်ဇန်းဒါး မက်ဒီနာကမူ ၎င်း၏ကစားသမားများကို အပြစ်မတင်ဟု ဆိုသည်။
"ရလဒ်ပိုင်းအရကြည့်ရင် ဒီနေ့ ဘောလုံးအားကစားက ကျွန်တော်တို့ကို မျက်နှာသာမပေးခဲ့ပါဘူး၊ ဒါပေမဲ့ နိုင်ငံတကာအဆင့်မှာ ကျွန်တော်တို့ စွမ်းဆောင်ပြခဲ့တာတွေအရတော့ ဒီလိုအခြေအနေမျိုးတွေ ပိုပြီးတော့ မကြာခဏရှိလာနိုင်တယ်ဆိုတာ ပြသနေပါတယ်" ဟု အဆိုပါ ဥရုဂွေးနိုင်ငံသားနည်းပြက ပြောသည်။
"ပရိသတ်တွေကို အောင်ပွဲတစ်ခု၊ ချန်ပီယံဆုဖလားတစ်လုံး အပ်နှင်းနိုင်ဖို့ ကျွန်တော်တို့မှာ လုံလောက်မှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီပွဲကနေ အဓိကရလိုက်တာကတော့ စိတ်ရောကိုယ်ပါနှစ်မြှုပ်မှု၊ စိတ်နေစိတ်ထားနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မှုပါပဲ" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)







..................................
(English Version)
Palmeiras edges Estudiantes to win Copa Libertadores
MONTEVIDEO, Nov. 28 (Xinhua) -- Ramon Sosa scored a second-half winner as Palmeiras clinched its fourth Copa Libertadores title on Saturday with a 1-0 victory over Estudiantes.
After a turgid, largely chanceless opening at Uruguay's Centenario Stadium, the game sprang to life in the second half. The Brazilian side broke the deadlock in the 52nd minute after Arthur Gabriel deftly controlled Marlon Freitas' cross-field pass and chipped the ball into the path of Jhon Arias.
The Colombian midfielder's headed flick fell to Sosa, whose first-time effort from the edge of the six-yard box left goalkeeper Fernando Muslera with no chance.
The goal spurred the Argentine club into action and Guido Carrillo's acrobatic volley forced a sharp save from goalkeeper Carlos Miguel.
Estudiantes' clearest opportunity came in the 74th minute when Miguel kept out Edwuin Cetre's close-range header with a reflex save at his near post.
Palmeiras defended resolutely thereafter to secure its third Copa Libertadores title in seven years under Portuguese manager Abel Ferreira. The triumph marks the eighth consecutive year a Brazilian club has lifted South America's premier club trophy.
"I told the players that whatever happens, please don't let the fear of winning be bigger than the desire to win," Ferreira told a post-match news conference, alluding to his team's 1-0 defeat to Flamengo in last year's final.
"It's in moments of pressure, in moments of tension, that elite players have the ability to keep doing the same thing. Today they did what they've always done: play football, be organized, compete and not be afraid."
Estudiantes manager Alexander Medina said he could not fault his players, who were seeking the club's fifth Libertadores title and first since 2009.
"Football turned its back on us today in terms of the result, but based on what we did on the international stage, it showed us that we can find ourselves in these situations more often," the Uruguayan said.
"We didn't have enough to give the fans a victory, a championship, but what I take away most from this is the commitment, the attitude and the fighting until the end."
Photo caption 1: Palmeiras' players celebrate their victory over Estudiantes with the trophy after the final of the CONMEBOL Libertadores Cup at the Centenario Stadium in Montevideo, Uruguay, on Nov. 28, 2026. (Photo by Nicolas Celaya/Xinhua)
Photo caption 2: Palmeiras' Mauricio (L) vies for the ball with Estudiantes' Tomas Palacios during the final of the CONMEBOL Libertadores Cup at the Centenario Stadium in Montevideo, Uruguay, on Nov. 28, 2026. (Photo by Nicolas Celaya/Xinhua)