
မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးအား ခေါ်ယူလိုသည့်အသင်းများထဲတွင် ပါဝင်လာကြောင်း သိရသည်။
အသက် (၂၈) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး တိုနေးအား ခေါ်ယူရန် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေကြပြီး ယခုအခါ မန်ယူအသင်းကပါ ၎င်းကိုခေါ်ယူရန် အပြိုင်ကြိုးပမ်းလာဖွယ်ရှိနေသည်။
ဘရန့်ဖို့ဒ်အသင်းသည် တိုနေးအား လာမည့်နွေတွင် ရောင်းထုတ်ရန် စီစဉ်နေပြီး ပေါင်သန်း (၁၀၀) ဝန်းကျင် အလိုရှိနေကြောင်း သိရသည်။