Eleven Media Group

■ ဘင်ဝှိုက်အတွက် တံခါးဖွင့်ပေးထားသည်ဟု ဆောက်ဂိတ် ပြောကြား

Photo: Sky Sports

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်အတွက် လက်ရွေးစင်အသင်းတံခါးကို ဖွင့်လှစ်ပေးထားသည်ဟု ပြောကြားခဲ့သည်။

ဘင်ဝှိုက်သည် ယခုတစ်ပတ် ခြေစမ်းပွဲစဉ်များအတွက် လူရွေးချယ်ရာတွင် ပါဝင်ခဲ့သော်လည်း နုတ်ထွက်ခဲ့သူဖြစ်သည်။

ဆောက်ဂိတ်က "ကျွန်တော် သူ့ကို အသင်းလေ့ကျင့်တဲ့ဆီ ခေါ်ယူချင်ခဲ့ပါတယ်။ လက်ရွေးစင်အသင်းရဲ့တံခါးကိုလည်း ဖွင့်လှစ်ထားပါတယ်။ ယူရိုအတွက် လူရွေးချယ်ရမှာကတော့ တကယ့်ကိုခက်ခဲပါတယ်"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group