Eleven Media Group

■ နည်းပြဇာဗီကို သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းရန် ဘာစီလိုနာ စီစဉ်

Photo: Getty Images

ဘာစီလိုနာအသင်းသည် နည်းပြ ဇာဗီကို သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

ဇာဗီသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ရာသီကုန်၌ အသင်းနှင့်လမ်းခွဲမည်ဟု ကြေညာထားသူဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာ ပေါ်တာက ၎င်းကို အသင်းတွင် ဆက်ရှိစေလိုသည့်အတွက် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုခြင်းဖြင့် ကမ်းလှမ်းမှုပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group