Eleven Media Group

■ စီးရီးအေပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

Photo: Sky Sports

နာပိုလီ - အတ္တလန်တာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၆:၀၀ နာရီ)
နာပိုလီက ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်လို့ ပြည်တွင်းကို အားပြန်စိုက်လိမ့်မယ်။ ဒါပေမဲ့ နာပိုလီရဲ့ ခြေစွမ်းက တည်ငြိမ်ခြင်းမရှိသေးဘူး။ စပယ်လက်တီခေတ်လွန် နာပိုလီက အားရစရာသိပ်မရှိသေးဘူး။ နောက်ဆုံးပွဲမှာ အင်တာမီလန်ကို နာပိုလီအသင်း သရေကစားခဲ့ပေမဲ့ ကံတရားရဲ့ ဖေးမမှုကို ထည့်တွက်ရမယ်။ အတ္တလန်တာကလည်း စီးရီးအေနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ပွဲကျပ် ကာလကို ဖြတ်သန်းခဲ့ရတာပါ။ အဝေးကွင်းဖြစ်ပေမဲ့ အတ္တလန်တာနဲ့ အရဲစွန့်သင့်တယ်။


ဂျီနိုအာ - ဖရိုဆီနိုနီ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၈:၃၀ နာရီ)
ဂျီနိုအာက အထက်မရောက်၊ အောက်မရောက် အသင်းဖြစ်ပြီး တန်းဆင်းအန္တရာယ်လည်း မရှိသေးဘူး။ ဒါကြောင့် တန်း ဆင်းဇုန်ထဲရောက်နေပြီး အမှတ်လိုအပ်ချက်များတဲ့ ဖရိုဆီနိုနီကို ရွေးချယ်ချင်တယ်။


တိုရီနို - မွန်ဇာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၈:၃၀ နာရီ)
ခြေစွမ်းမကွာခြားတဲ့ အသင်း (၂)သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး မွန်ဇာကတော့ လက်ရှိမှာ ပုံစံကောင်းတွေ တောက် လျှောက်ပြသနေတယ်။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ တိုရီနိုကို ကြိုက်တယ်။


လာဇီယို - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၁:၃၀ နာရီ)
လာဇီယိုက ပြီးခဲ့တဲ့ရာသီကလို မဟုတ်တော့ဘူး။ စီးရီးအေအိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ခံစစ်ကလည်း အားရစရာသိပ်မရှိသေးဘူး။ ဂျူဗင်တပ်စ်ကလည်း အရမ်းအားကောင်းနေတဲ့ အသင်းမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ တန်ပြန်တိုက်စစ်ကစားပုံက အားရစရာရှိတယ်။ ဒါကြောင့် ဒီပွဲမှာလည်း သူတို့ရဲ့ လျှင်မြန်တဲ့ တောင်ပံတိုက်စစ်ကစားသမားတွေကို လာဇီယိုအသင်း ခက်ခက်ခဲခဲ ထိန်းချုပ်ရဖို့ရှိတယ်။ ဂျူဗင်တပ်စ်အသင်း သရေနဲ့ အနိုင်လို့ထင်မိတယ်။ (၂)သင်းပေါင်း သွင်းဂိုးများနိုင်တယ်။


ဖီအိုရင်တီးနား - အေစီမီလန် (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၂:၁၅ နာရီ)
ဖီအိုရင်တီးနားက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၉)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ အဝေးကွင်းပွဲတွေဆို ကျဆင်းသွားတတ်ပေမဲ့ သူတို့ရဲ့ အိမ်ကွင်းကစားပုံကိုတော့ ချီးကျူးရမယ်။ အေစီမီလန်ကလည်း ပြည်တွင်းပြိုင်ပွဲတွေမှာ ရလဒ်ပြန်ကောင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ ဖီအိုရင်တီးနားရဲ့ အိမ်ကွင်းမာဂုဏ်ကြောင့် အေစီမီလန်အတွက် ခက်ခဲသွားနိုင်တဲ့ ပွဲမျိုးလို့ ထင်မိတယ်။ အိမ်ရှင်ကို ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group