
ဂန်းနား ဂန္တဝင် ဂိုးသမား ဒေးဗစ်ဆီးမန်း က ဒီတစ်ပတ် မန်စီးတီး အသင်း ရဲ့ အိမ်ကွင်း အီတီဟက်မှာ အာဆင်နယ် အသင်းဟာ သရေတစ်မှတ် ရယူ နိုင်လိရမ့်မယ်လို့ ယုံကြည်မှု ရှိနေပြီး ဂန်းနားတို့ဆီမှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းအပေါ် ကြောက်ရွှံ ရှိန်နေစိတ် လုံးဝ မရှိတော့ကြောင်း ပြောကြား လိုက်ပါတယ် ။
” ကျနော်ကတော့ အာဆင်နယ် အသင်း အပေါ် ယုံကြည်မှု လုံးဝ ရှိပါတယ် ။ မနှစ်က ကြုံတွေ့ခဲ့တာတွေ နှင့် ဒီနှစ်ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေကြောင့်ပါ ။ အခု အချိန်မှာ အသင်း အပေါ် ပိုပြီး ယုံကြည်မှု ရှိလာပါပြီ ၊ မနှစ်တုန်းက အသင်း ရဲ့ ကစားပုံ အပေါ် စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယါ ။ မနှစ်က အီတီဟက်မှာ ကျနော်တို့ သင်ခန်းစာတွေ ရခဲ့ပါတယ် ။ ”

” ဒီတစ်ခေါက်တော့ ကျနော်တို့ မနှစ်က အတွေ့အကြုံတွေ ကနေ သင်ယူပြီး ဒီထက် ပိုကောင်းအောင် လုပ်ပြ နိုင်မယ်လို့ ယုံကြည်ပါတယ် ။ ကျနော်တို့ အနေနဲ့ အနိုင် သို့မဟုတ် သရေ ရအောင် ကစား နိုင်မှာပါ ၊ အဓိကကတော့ မန်စီးတီး ကို အမှတ်တွေ မပေးလိုက်မိဖို့ပါပဲ ။ ဘာကြောင့်လဲတော့ မသိပေမယ့် အီတီဟက်မှာ အာဆင်နယ် အသင်း တခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ခံစား မိနေပါတယ် ။ ”
” ကျနော်တို့ ဒီရာသီမှာ လီဗာပူး ဆီကနေ လေးမှတ် ရထားတယ် ၊ မန်စီးတီး ဆီကနေ သုံးမှတ် ရထားပါတယ် ။ ဒီလို ပွဲတွေကနေ ကျနော်တို့ ယုံကြည်မှု မြင့်မား လာမှာ အသေအချာပါပဲ ၊ ဒီနှစ်မှာ သူတို့ကို အနိုင် ရထားတော့ အရင်က ရှိနေခဲ့တဲ့ အကြောက်တရား ကလည်း လုံးဝ မရှိတော့ပါဘူး ။ အသင်း တစ်သင်းကို အနိုင် မရဘူးဆိုရင် ကိုယ့်စိတ်ထဲမှာ ကြောက်စိတ် က ကိန်းအောင်း နေတတ်ပါတယ် ။ ”

” ဒါကြောင့်လည်း ကျနော် ယုံကြည်မှု ရှိနေတာပါ ။ သရေ ကျမယ်လို့ ထင်နေပေမယ့် သရေ ထက် ပိုတဲ့ ရလဒ် ဆိုရင်လည်း အပိုဆုပေါ့ဗျာ ။ အာဆင်နယ် အသင်း တဖက် တစ်ဂိုးစီနဲ့ သရေ ရလိမ့်မယ်လို့ ထင်ပါတယ် ၊ အာဆင်နယ် အသင်း ဟားဗတ်ဇ် ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM