Sports Myanmar

ဒီတစ်ပတ် ရဲ့ အကောင်းဆုံး ပွဲဖြစ်တဲ့ မန်စီးတီး Vs အာဆင်နယ် ပွဲမှာ ဘယ်လို ရလဒ် ထွက်ပေါ်မလဲ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ပေါလ်မာဆင် က မန်စီးတီး နှင့် အာဆင်နယ် ပွဲကို ဒီတစ်ပတ် ရဲ့ အကောင်းဆုံး ပွဲစဉ်လို့ တင်စား လိုက်ပြီး မန်စီးတီး အသင်းသာ လူစုံ နေရင် အာဆင်နယ် အသင်း အနိုင် ရဖို့ မလွယ်ကူကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

ပေါလ်မာဆင် က Sportskeeda မှာ ” ဝေါလ်ကာ နှင့် စတုန်းသာ မကစားနိုင်ဘူးဆိုရင် အာဆင်နယ် အသင်း ရလဒ်ကောင်း မရ စရာ အကြောင်း မရှိဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။ စီးတီး က ကစားသမားတွေ အားလုံးသာ ကြံ့ခိုင်မှု ပြည့်ဝနေရင်တော့ သူတို့ပဲ အနိုင်ရပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုရင် သူတို့က ပွဲကြီးတွေမှာ ပိုမို ထင်ပေါ်ပြီး အနိုင်ရတတ်တာကြောင့်ပါ။ ဒီပွဲရလဒ် က ဒီဘရိုင်းနား၊ စတုန်း နှင့် ဝေါလ်ကာ တို့ရဲ့ ကြံ့ခိုင်မှု အပေါ် မူတည်ပါတယ် ။ ”

” ဂန်းနားတို့က စီးတီး ရဲ့နောက်မှာ တစ်သင်းလုံး အရည်အသွေး မြင့်မားတဲ့ အသင်း အဖြစ် ရှိနေဆဲပါ ။ ဂွာဒီယိုလာ ရဲ့ အသင်းက လူစုံပြီး ပုံစံကောင်းသာ ရနေရင် ဘယ်လောက်အထိ ကြောက်ဖို့ ကောင်းသလဲ ကျနော်တို့ အားလုံးလည်း သိကြပါတယ်။ ဒီဇင်ဘာလမှာ အက်စတန်ဗီလာ ကို အရေး နိမ့်ပြီးကတည်းက မန်စီးတီး က ၁၉ ပွဲနိုင် ၃ ပွဲ ပဲ သရေကျထားပါတယ် ၊ အာဆင်နယ် အသင်း ရင်ဆိုင်ရမယ့် အသင်းက အဲ့ဒီလို အသင်းပါ ။ ”

” လူတွေ အများစုက အာဆင်နယ် အသင်း အီတီဟက် မှာ ရလဒ်ကောင်း ရယူ နိုင်မယ်လို့ ပြောနေကြတာ တွေ့ပါတယ် ။ ဒါပေမဲ့ လူစုံနေတဲ့ စီးတီး နဲ့ ကစားရတာက အင်မတန် ခက်ခဲပါတယ် ၊ လီဗာပူး ပရိသတ်သာဆို ဒီပွဲမှာ အာဆင်နယ် ကို နိုင်စေချင်ကြမှာပါ ။ စီးတီး က ဒီပွဲပြီးရင် ပွဲချောင် သွားပါပြီ ၊ ဒီတစ်ပတ်မှာ စီးတီး နိုင်ရင် ဒီနှစ်လည်း သူတို့ နောက်ထပ် ဖလား သုံးလုံး ထပ်ရလိမ့်မယ်လို့ မြင်ပါတယ် ။ ”

” ဒီပွဲက ဒီတစ်ပတ်ရဲ့ Match of the weekend ပါပဲ ၊ နှစ်သင်းကြား ဂိုးကွာခြားချက်ကလည်း လက်ရှိမှာ ကြီးမား နေပါတယ် ။ အာဆင်နယ် သာ ဒီပွဲကို နိုင်ရင် စီးတီးကို လေးမှတ် ဖြတ်ထား နိုင်မှာ ဖြစ်သလို ဂိုးကွာခြားချက်အသာရနေတာကလည်း ချန်ပီယံ ပြိုင်ပွဲ မှာ အသာစီး ရစေပါလိမ့်မယ် ။နှစ်သင်းစလုံးက လက်ရှိ အချိန်မှာ ခြေရည်တူ နှစ်သင်း ဖြစ်နေတော့ ကျနော်တို့ သရေ ပွဲတစ်ပွဲကို မြင်‌တွေ့ ရလိမ့်မယ်လို့ ထင်ပါတယ် ။ တဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ပါလိမ့်မယ် ။ ” လို့ ခန့်မှန်း သွားခဲ့ပါတယ်။

အာဆင်နယ် နဲ့ ပွဲမှာ ဝေါလ်ကာ ၊ စတုန်း တို့ ပါဝင် ကစား နိုင်ဦးမှာ မဟုတ်ကြောင်း နည်းပြ ဂွာဒီယိုလာက အတည်ပြု ပြောကြား ထားပါတယ် ။ အာဆင်နယ် ဘက်မှာလည်း မာတင်နယ်လီ ၊ ဂါဘရီရယ် နှင့် ဆာကာ တို့ အခုချိန်ထိ လေ့ကျင့်ခန်း ဆင်းနိုင်ခြင်း မရှိသေးပါဘူး ။

SM

မူရင်းသတင်း — Sports Myanmar