Eleven Media Group

ဂျာမန်ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂၇)

အော့စ်ဘတ် - ကိုလုံး (တနင်္ဂနွေည ၈း၀၀ နာရီ)
အော့စ်ဘတ်အသင်းက (၄)ပွဲဆက်တိုက် အနိုင်ကစားပြီး Form အတော်ကောင်းနေတယ်။ ဒီပွဲလည်း အော့စ်ဘတ် နိုင်ပွဲ ဆက်ဖို့များတယ်။

စတုဂတ် - ဟိုင်းဟိုင် (တနင်္ဂနွေည ၁၀း၀၀ နာရီ)
စတုဂတ်အသင်း အမှတ်ပေးပွဲ(၈)ပွဲမှာ တစ်ပွဲသာ သရေ ကျပြီး (၇)ပွဲအထိ အနိုင်ရခဲ့တယ်။ ဟိုင်းဟိုင်က နောက်ဆုံးပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့ပေမဲ့ ရုပ်ပျက်ဆင်းပျက်တော့ သိပ်မဖြစ်ဘူး။ ဟိုင်းဟိုင်နဲ့ စွန့်စားချင်တယ်။

ဘိုဟုမ် - ဒမ်းစတက်ဒ် (တနင်္လာနံနက် ၀၀း၀၀ နာရီ)
ရှုံးပွဲဆက်နေတဲ့ ဇယားအောက်ဆုံးရောက်(၂)သင်း တွေ့ ဆုံကြတာဖြစ်လို့ စိတ်ဝင်စားစရာပါပဲ။ ဘိုဟုမ်ဘက်ကပဲ ရပ် တည်တာပိုကောင်းမယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၂၇)

လော်ရီယန့် - ဘရက်စ် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘရက်စ်တို့အမှားခံမယ်မ ထင်ပါဘူး။ အထူးသဖြင့် လက်ရှိရပ်တည်နေတဲ့ အဆင့် (၂)နေရာ မှာ တည်မြဲဖို့ ကြိုးစားလာမှာပါ။ လော်ရီယန့်ကတော့ တန်းဆင်း ဇုန်နဲ့ ဝေးရာကိုရုန်းထွက်နေပြီး ခြေစွမ်းရော၊ လုပ်အားပါပိုပြီးတည် ငြိမ်လာတာတွေ့ရတယ်။ ဘရက်စ်အမှတ်ပိုလိုနေပေမယ့် က စားပုံပိုမာတဲ့ အိမ်ရှင်လော်ရီယန့်ပဲရွေးထားချင်တယ်။

နိုက်စ် - နန့်စ် (တနင်္ဂနွေည ရး၃၀ နာရီ)
နိုက်စ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရေကုန်ရေခန်းတိုက်ပွဲ ဝင်နေတဲ့အသင်းဖြစ်ပြီး နန့်စ်ကတော့ တန်းဆင်းဇုန်နဲ့ ဝေးရာကို ပြေးထွက်နေတဲ့အသင်းပါ။ နှစ်သင်းအကြား ခြေစွမ်းကွာဟချက် ကြီးမားလို့ နိုက်စ်ကိုပဲရွေးထားချင်တယ်။

ကလယ်မွန့် - တူးလူး (တနင်္ဂနွေည ရး၃၀ နာရီ)
ဇယားအောက်ဆုံးက ကလယ်မွန့်တို့ အိမ်ကွင်းမှာဘယ် လောက်ထိရုန်းကန်ပြနိုင်မလဲစောင့်ကြည့်ရမယ်။ တူးလူးက က လယ်မွန့်ထက်ဖိအားပိုနည်းပါတယ်။ ကလယ်မွန့်ပဲရွေးမယ်။

လူအယ်ဗာ - မောင့်ပယ်လီယာ (တနင်္ဂနွေည ရး၃၀ နာရီ)
တန်းဆင်းဇုန်နားရောက်လာတဲ့ လူအယ်ဗာ ပေါ့ဆလို့မရ တော့ပါဘူး။ မောင့်ပယ်လီယာခြေစွမ်းမဆိုးလှပေမယ့် အိမ်ကွင်း အားသာချက်ရှိနေတဲ့ လူအယ်ဗာနဲ့ပဲ အရဲစွန့်မယ်။

စထရာဘိုး - ရန်းစ် (တနင်္ဂနွေည ၉း၃၅ နာရီ)
ရန်းစ်က ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေသေးပေမယ့် စထရာဘိုးကွင်းမှာတော့အလွယ်တကူအသာရဖို့မရှိပါဘူး။ ရန်းစ် တို့ကပ်နိုင်လောက်ပဲဖြစ်လိမ့်မယ်။

မာဆေးလ် - PSG (တနင်္လာနံနက် ၁း၁၅ နာရီ)
PSG အတွက်ခက်ခဲမယ့်ပွဲပါပဲ။ မာဆေးလ်က အိမ်ကွင်း မှာ ရလဒ်တွေဆက်တိုက်ကောင်းမွန်နေပြီး တိုက်စစ်၊ ခံစစ် လည်း ပိုပြီးဟန်ချက်ညီပါတယ်။ PSG ကတော့အမှတ်မလိုပေ မယ့် ချန်ပီယံလိဂ်ပွဲတွေမဝင်လာမီမှာ လီဂူးဘက်ကိုအမှတ်ရ သလောက်ဖြတ်ထားဖို့ကြိုးစားလာမှာပါ။ ဒါပေမဲ့ အဓိကကစား သမားအများစု နိုင်ငံပွဲတွေနဲ့ ပွဲပန်းနေနိုင်သလို ဆက်တိုက်ဆို သလိုပဲ အမှတ်ပေးပွဲစဉ်တွေ၊ ဥရောပဖလားပွဲစဉ်တွေကစားဖို့ ရှိနေလို့ အခုအဝေးကွင်းမှာ အိမ်ရှင်မာဆေးလ်ကိုအသာစီးယူ ဖို့ခက်ပါလိမ့်မယ်။ အိမ်ကွင်းအားနဲ့ ကစားတတ်တဲ့မာဆေးလ် အနည်းဆုံးသရေရအောင်ကစားမှာပါ။

မူရင်းသတင်း — Eleven Media Group