Eleven Media Group

FIFA - MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်း အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်

Photo: Rakhine Utd

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူးပေါင်းကျင်းပနေသည့် FIFA - MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ပထမအကျော့ ပြီးဆုံးခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေလျက်ရှိကြောင်း သိရသည်။
FIFA - MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ပထမအကျော့၏ နောက်ဆုံးပွဲစဉ်(၁၁) ကို ပြီးခဲ့သည့် မတ် ၂၉၊ ၃၀၊ ၃၁ ရက်များက ကျင်းပပြုလုပ်ခဲ့သည်။
ပွဲစဉ်(၁၁) တွင် ရခိုင်ယူနိုက်တက်အသင်းက ဖားစည်မြေအသင်းကို(၂-၁) ဂိုး၊ နေပြည်တော်ယူနိုက်တက်အသင်းက ဆုလဘ်မြင့်မိုရ်အသင်းကို(၂-၁) ဂိုး၊ မအူပင်အသင်းက အာသာဝတီအသင်းကို (၂-၀) ဂိုး၊ ရွိုင်ရယ်ရန်ကုန်အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို(၁-၀) ဂိုး၊ ရှမ်းအသင်းက စီးတီးရွှေပြည်သာအသင်းကို(၃-၁) ဂိုး၊ အင်းစိန်စီးတီးအသင်းက Burmese Youth အသင်းကို(၃-၁) ဂိုးတို့ဖြင့် အသီးသီးနိုင်ပွဲများရရှိခဲ့ကြောင်း သိရသည်။
ပွဲစဉ်(၁၁) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက (၁၁) ပွဲ ကစား၊ (၁၀) ပွဲနိုင်၊ (၁) ပွဲ သရေ၊ ရှုံးပွဲမရှိ၊ ရမှတ်(၃၁) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက်အသင်းနောက်တွင် နေပြည်တော်ယူနိုက်တက်အသင်းက (၁၁) ပွဲကစား၊ (၈) ပွဲနိုင်၊ (၃) ပွဲ ရှုံး၊ ရမှတ်(၂၄) မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာ တွင်လည်းကောင်း၊ ရှမ်းအသင်းက (၁၀) ပွဲ ကစား၊ (၇) ပွဲနိုင်၊(၁) ပွဲသရေ၊ (၂) ပွဲ ရှုံး၊ ရမှတ်(၂၂) မှတ်ဖြင့် အမှတ်ပေးဇယားတတိယနေရာတွင်လည်းကောင်း၊ ဆုလဘ်မြင့်မိုရ်အသင်းက (၁၁) ပွဲ ကစား၊ (၆) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၄) ပွဲ ရှုံး၊ ရမှတ်(၁၉) မှတ်ဖြင့် အမှတ်ပေးဇယားစတုတ္ထနေရာတွင်လည်းကောင်း၊ ရွိုင်ရယ်ရန်ကုန်အသင်းက (၁၁) ပွဲကစား၊ (၅) ပွဲနိုင်၊(၁) ပွဲသရေ၊ (၄) ပွဲ ရှုံး၊ ရမှတ်(၁၉) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၅)နေရာတွင်လည်းကောင်း ရပ်တည်နေလျက်ရှိသည်။
ယင်းပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA ) ၏ အစီအစဉ်ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အသင်းပေါင်း(၁၂) သင်း ပါဝင်ယှဉ်ပြိုင်နေလျက်ရှိကာ နှစ်ကျော့ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဒုတိယအကျော့ကို လာမည့်ဧပြီ ၂၆ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group