Eleven Media Group

အန်းဒရစ်ချ်ရဲ့ပေးစာ

Photos: Getty Images

ဒီစာကိုဘယ်အချိန်ကျရင် ညီလေးဖတ်တတ်မယ် မပြောတတ်ဘူး။ အခုအချိန်မှာ အသက်လေးနှစ်ပဲရှိသေးပေမယ့် ဘဝတွေဟာ သိပ်ပြီးမြန်ဆန်တယ်မဟုတ်လား။ နောက်လအနည်းငယ်ဆိုရင် ရီးယဲလ်ကို ကိုကြီးသွားရတော့မယ်။ Play Station ဆော့တိုင်း ကိုကြီးယူလေ့ရှိတဲ့အသင်းက ရီးယဲလ်လေ ၊ ညီလေးသိတယ်မဟုတ်လား။ ရီးယဲလ်ကစားသမားဖြစ်သွားပြီဆိုတော့ လူတွေက ကိုကြီးအ ကြောင်းသိချင်လာကြပြီ။ ကိုကြီးတို့မိသားစု အကြောင်း သိချင်လာကြပြီ။ ဒယ်ဒီနဲ့မာမီရဲ့ကျေးဇူးတရားကဘယ်လောက်ကြီးမားသလဲဆိုတာ ပြောပြပါမယ်။ ကိုကြီးငယ်ငယ်က ကစားစရာအရုပ် တစ်ခုခုပေးတိုင်း အကြာကြီးမစွဲမြဲဘူး။ ပါးစပ်ကနေ ဘောလုံးကိုပဲ တောင်းဆိုနေတတ်တယ်။ ဘောလုံး အရွယ်အစားက အရေးမကြီးပါဘူး။ ကန်လို့ရတဲ့ အရာမှန်သမျှ ကန်နေတတ်တာကိုကြီး ၀ါသနာပါ။ အဖေ့ဆီကနေ Brazuca ဘောလုံးရတော့ ကိုကြီးတကယ်ပျော်ရွှင်ရတယ်။ အဲဒီဘောလုံးကို ဖက်အိပ်တဲ့အထိ စွဲလမ်းခဲ့ရပါတယ်။ လူတွေက နာမည်မေးတဲ့အခါ ကိုကြီးက "အန်းဒရစ်ချ် ဖိလစ်ပီ၊ တိုက်စစ်မှူး"ဆိုပြီး ဖြေတတ်တယ်။ အဲဒီလိုဖြေတိုင်း လူတွေကရယ်မောကြတယ်။ ချစ်ဖို့ကောင်းလိုက်တာဆိုပြီး ပြောကြတယ်။

မူရင်းသတင်း — Eleven Media Group