Sports Myanmar

ဖလားဖိုင်နယ် တက်ကြသူများ ၊ အဆင့် ၁ ရောက်လာတဲ့ အာဆင်နယ် တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ဂျာမန် ပိုကယ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာတော့ အခုရာသီမှာ အံ့ဖွယ်တွေ လုပ်ပြနေတဲ့ အလွန်ဆို ရဲ့ လေဗာကူဆင် အသင်းနဲ့ ဂျာမန် ဒုတိယတန်း ကလပ် ကိုင်ဇာစလော့တန် အသင်းတို့ဟာ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်း နိုင်ခဲ့ကြပါတယ် ။

ပြင်သစ် မှာလည်း PSG အသင်းဟာ ရန်းနင်းအသင်းကို ခီလီယံ အမ်ဘာပေ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ကစားပြီး ပြင်သစ်ဖလား ဗိုလ်လုပွဲကို တက်လှမ်း သွားနိုင်ခဲ့ပါတယ် ။ PSG ဟာ ဗိုလ်လုပွဲမှာတော့ လီယွန် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။

 

ပရီးမီးယားလိဂ် ရဲ့ ကြားရက် ပွဲစဉ်တွေမှာတော့ အာဆင်နယ် ရော မန်စီးတီးပါ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြ ပါတယ် ။ အာဆင်နယ် ဟာ လူတန်တောင်း အသင်းကို ၂-၀ နဲ့ အနိုင်ကစားပြီး လီဗာပူး ပွဲစဉ်မကစားမီမှာ အဆင့် ၁ နေရာကို တက်လှမ်းလာခဲ့ပါတယ် ။

မန်စီးတီး ကလည်း အိမ်ကွင်းမှာ အက်စတွန် ဗီလာ အသင်းကို ဖီးလ် ဖိုဒန် ရဲ့ ဟက်ထရစ် အပါအဝင် ၄-၁ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။

 

အခြားပွဲစဉ်တွေမှာတော့ နယူးကာဆယ် နဲ့ အဲဗာတန် ၊ ဝက်စ်ဟမ်း နဲ့ စပါး ၊ ဘန်လေ နဲ့ ဝုဗ် ပွဲစဉ်တွေဟာ ၁-၁ ရလဒ်တွေနဲ့ သရေကျခဲ့ကြပြီး ဖောရက်စ် က ဖူလ်ဟမ် ကို ၃-၁ ၊ ဘုန်းမောက် က ပဲလေ့စ် ကို ၁-၀ ရလဒ်တွေနဲ့ အနိုင် ရရှိခဲ့ကြပါတယ် ။ ဘရန့်ဖိုဒ့် ကတော့ ဘရိုက်တန် အသင်းနဲ့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။

 

လီယွန်နယ် မက်ဆီ ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် အခုမနက် ကစားသွားတဲ့ အင်တာမိုင်ယာမီ ရဲ့ ကွန်ကာကပ်ဖ် ဖလားပွဲစဉ်ကို လွဲချော်ခဲ့တယ်လို့ အသင်းဘက်က ထုတ်ပြန်ကြေညာ သွားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခံစစ်ကို အားဖြည့်ဖို့ အတွက် ဝုဗ် အသင်းခေါင်းဆောင် မက် ကယ်လ်မန်း ကို စာရင်းပြုစု ထည့်သွင်းထားတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ ခံစစ်မှူးဟောင်း ဂျရတ် ပီကေး ကတော့ စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဌဟောင်း လူးဝစ် ရူဘီယာလက်စ် ရဲ့ ငွေကြေးအမှု ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်း ခံခဲ့ရတယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar