
ယူနိုက်တက် ကြယ်ပွင့် မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဒီရာသီ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရသလို ကွင်းပြင်ပ ပြသနာပါ တတ်ခဲ့သေးတဲ့အတွက် အပြစ်ပေးခံခဲ့ရပါသေးတယ် ။ ဒါ့အပြင် ဒီရာသီ သူဟာ ကွင်းထဲမှာလည်း ပျော်ရွှင်နေတာမျိုး ရှိမနေခဲ့ပါဘူး ။
ဒါနဲ့ ပတ်သက်လို့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က အင်္ဂလန်သား အနေနဲ့ အရင်လို ခြေစွမ်း ပြန်ရဖို့ ပတ်ဝန်းကျင်် ပြောင်းလိုက်သင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။ ဒါပေမဲ့ ရွိုင်ကိန်း ကတော့ အသင်းမှာ ဆက်ထားပြီး သူ့ကို တွန်းအားပေးသင့်တယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” လက်ရှိအချိန်က သူ့အတွက် အရေး အကြီးဆုံး အချိန်ပဲလို့ ထင်ပါတယ် ။ သူလဲ ကလေး တစ်ယောက် မဟုတ်တော့ဘူးလေ ။ ဒီအချိန်မှာ သူ့အနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ််ချက် ချမှတ်သင့်နေပါပြီ ။ သူ့အနားမှာ ရှိနေတာ ဘယ်သူတွေလဲဆိုတာ ပြန်ကြည့်သင့်နေပါပြီ ”
” ပြီးတော့ ပြင်ပမှာရော ဘယ်သူတွေ ရှိနေလဲ? သူတို့က မှန်ကန်တဲ့သူတွေရော ဟုတ်ရဲ့လားဆိုတာ ကြည့်သင့်နေပါပြီ ။ သူတို့တွေက ပိတ်ထားတဲ့ တံခါးရဲ့ နောက်ကွယ်မှာ ဘယ်လို ကူညီဖေးမနေကြသလဲ ? ဒါမှမဟုတ် မင်းကိုယ်မင်း ပြန်ကြည့် ၊ အကြီးကြီးလွဲနေပြီလို့ ပြောနေသူလား? ”

” သူ့ အနေနဲ့ အဲ့တာတွေကို ကြည့်ပြီး ဆုံးဖြတ်ချက် အကြီိးကြီး ချမှတ်သင့်ပါတယ် ။ ကျွန်တော် ဝက်စ်ဟမ်း မှ ထွက်ခွာခဲ့တုန်းက ချဲလ်ဆီး ဆီ ပြောင်းခွင့်ရခဲ့ပါတယ် ။ ဒါပေမဲ့ လန်ဒန် ပြင်ပ ကလပ် ဖြစ်တဲ့ လိဒ်စ် ကို ရွေးချယ်ခဲ့ပါတယ် ။ အဲ့တာရဲ့ အဝေးကို ထွက်ဖို့ လိုခဲ့တယ်လေ ”
” သူ့အနေနဲ့ ထွက်ခွာသင့်နေပါပြီ ။ ကျွန်တော်သာဆိုရင် အသင်းကလူတွေ အဝေးကို ထွက်သွားပြီး ကျွန်တော် ယူနိုက်တက်မှာ ကျန်ခဲ့တာ ဒါမှမဟုတ် အကုန်လုံး အသင်းမှာ ဆက်နေပြီ ကျွန်တော် အဝေးကို ထွက်သွားတာပဲ လိုချင််နေမှာပါ ” လို့ ဖာဒီနန် က ပြောလိုက်ရာ ကိန်းက..

” ကျွန်တော်တို့ သူ့အတွက် စကားလုံး အမျိုးမျိုး သုံးစွဲသင့်ပါတယ် ။ သူ့အနားမှာ ဖွဲ့စည်းတည်ဆောက်ပုံ တစ်ခု ၊ အသင်း တစ်သင်း ရှိနေပါတယ် ။ သူ့ရဲ့ အရည်အသွေး နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ မရှိပါဘူး ။ သူ လွဲနေတာ အခြား တစ်ခုခုပါ ”
” ကစားသမား တစ်ယောက် ကျဆင်းသွားတာ ၊ နိမ့်ကျသွားတာမျိုး ဖြစ်တတ်ပါတယ် ။ သူဟာ လက်ရှိအချိန်မှာ ဘောလုံးကို ပျော်ရွှင်ခံစားနေတာမျိုး ရှိမနေတော့ပါဘူး ။ သူ့အနားမှာ ရှိနေကြတဲ့ မန်နေဂျာ ၊ မိသားစုဝင်တွေ အနေနဲ့ သူ့ကို ပြန်လည် တည့်မတ်ပေးသင့်ပါတယ် ”
” အရင်က ကျွန်တော်တို့ လုပ်ခဲ့သလို ကစားသမား ဖြစ်သူကို ခံပြင်းအောင် လုပ်တာမျိုး ၊ စိတ်ဆွပေးတာမျိုး ၊ ဒါအပြင် ” လုပ်စမ်းပါ ၊ မင်း ဒီထက် အများကြီး လုပ်နိုင်ပါတယ်ကွ ” ဆိုပြီး တွန်းအားပေးတတ်တဲ့ အရင်ကလို နည်းလမ်းမျိုး သုံးသင့်ပါတယ် ”

” သူ့ကိစ္စမှာ အဲ့လိုလုပ်ပေးသူ ရှိမနေဘူးလို့ မြင်ပါတယ် ။ အဲ့တာနဲ့ပဲ သူ့ကိုယ်သူ ပြန်လည်မတည့်မတ်နိုင်တော့ဘူးလို့ ပြောလို့မရပါဘူး ။ သူ့အနေနဲ့ အခုထက်ပို ကြိုးစားသင့်ပါသေးတယ် ” လို့ အကြံပေးခဲ့လိုက်ပါတယ် ။
#SM