
မန်ယူအသင်းသည် ဝုလ်ဗ်အသင်းခေါင်းဆောင် အင်္ဂလန်နောက်ခံလူ ကီလ်မန်းကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကင်းထောက်များစေလွှတ်ကာ စောင့်ကြည့်နေကြောင်း သိရသည်။
ကီလ်မန်း(၂၆ နှစ်)သည် ဝုလ်ဗ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီက နာပိုလီအသင်း၏ ပေါင်သန်း(၃၀)ဖြင့် ကမ်းလှမ်းမှုကို ဝုလ်ဗ်အသင်းက ငြင်းပယ်ခဲ့ဖူးကြောင်း သိရသည်။
မန်ယူအသင်းက ၎င်းကို လာမည့်နွေရာသီတွင် ကမ်းလှမ်းသွားဖွယ်ရှိကြောင်း The Times က ဖော်ပြခဲ့သည်။