Sports Myanmar

ချဲလ်ဆီး ကြယ်ပွင့်ကိုသာ ခေါ်နိုင်ရင် အာဆင်နယ် အသင်း လာမယ့်နှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ဆိုလိုက်တဲ့ ဂါးလက်စ်

 

အာဆင်နယ် အသင်း နှင့် ချဲလ်ဆီး နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ဝီလီယံ ဂါးလက်စ် က မူဒရစ်ဒ် ဟာ အာဆင်နယ် အသင်းမှာသာဆို အံဝင်ပြီး ဂန်းနားတို့ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

ယူကရိန်း လက်ရွေးစင် ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ အာဆင်နယ် အသင်းကို ရောက်ဖို့ နီးစပ် ခဲ့ပြီးခါမှ ချဲလ်ဆီး အသင်းက ကြားဖြတ် ခေါ်ယူ သွားခဲ့တာ ဖြစ်ပါတယ်။ မူဒရစ်ဒ် ဟာ ချဲလ်ဆီး အသင်း အတွက် ၃၇ ပွဲ ကစားရာမှာ ၄ ဂိုး သာ သွင်းထား နိုင်ပြီး ပရိသတ်တွေ မျှော်လင့်ထားသလို ထိပ်တန်း စွမ်းဆောင်ရည်မျိုး ပြသ နိုင်ခဲ့ခြင်း မရှိပါဘူး ။

ဂါးလက်စ် က Gambling Zone မှာ ” အီမန်နျူရယ် ပီတစ် က မူဒရစ်ဒ် တစ်ယောက် အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာနိုင်ကြောင်း ပြောတာကို ကျနော် တွေ့ပါတယ် ။ မီခေးလ် အာတီတာကလည်း သူ့ကို ကြိုက်ပါတယ် ၊ သူက အာဆင်နယ် အသင်းမှာ အံဝင်မယ့် ကစားသမားပါ ၊ သူ့ရဲ့ အမြန်နှုန်း ရော အရည်အသွေးရောကို အာတီတာ ကြိုက်ပါတယ် ၊ ဒါကြောင့်လည်း သူ့ကို ဦးစားပေး ခေါ်ချင် ခဲ့တာပါ ။ ”

” ဒါပေမဲ့ သူ အာဆင်နယ် အသင်းနဲ့ စာချုပ် ချုပ်ခါနီးမှာ စိတ်ပြောင်းသွားပြီး ချဲလ်ဆီး အသင်းကို ပြောင်းသွားခဲ့တာကို ခင်ဗျားတို့ မေ့ထားလို့ မရပါဘူး ။ ကျနော် အရင်က ပြောဖူးပါတယ် ၊ အာဆင်နယ် အသင်းက ဒီနှစ်မှာ ချန်ပီယံ မဖြစ်နိုင်ပေမယ့် လာမယ့် နှစ်မှာ ချန်ပီယံ ဖြစ်လိမ့်မယ် ဆိုတာပါ ၊ မူဒရစ်ဒ်က အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar