
သီယို ဝဲလ်ကော့ က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရှေ့ဆုံး က ပြေးနေတဲ့ လီဗာပူး အသင်း အမှတ်လျော့ သွားနိုင်တဲ့ ပွဲစဉ်တွေဟာ အဝေးကွင်း မှာ သွားရောက် ကစားရမယ့် ပွဲတွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

လီဗာပူး အသင်းဟာ ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ တန်းတက် ရှက်ဖီးယူနိုက်တက် အသင်း နဲ့ ပွဲမှာ သုံးဂိုး တစ်ဂိုး နဲ့ အနိုင် ရသွားခဲ့ပြီး အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်း နိုင်ခဲ့ပါတယ် ။ လက်ရှိ အမှတ်ပေး ဇယားတွင် ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေကြတဲ့ အသင်း ၃ သင်းကြားမှာ အမှတ် ကွာဟချက်ဟာ ၃ မှတ်သာ ရှိနေတာပါ ။
လီဗာပူး ၊ အာဆင်နယ် နှင့် မန်စီးတီး သုံးသင်းမှာ လက်ကျန် ပွဲစဉ်တွေ အတွင်း ပွဲအချောင်ဆုံး အသင်း ဖြစ်နေတာဟာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း ဖြစ်ပြီး လီဗာပူး အသင်းက ဒုတိယ ပွဲအချောင်ဆုံး အသင်း ဖြစ်ပါတယ် ။ လက်ရှိ အမှတ်ပေး ဇယား ထိပ်ဆုံးက လီဗာပူး အသင်းဟာ ဒီတစ်ပတ်မှာ မန်ယူနိုက်တက် အသင်း နဲ့ ကစားရဖို့ ရှိပြီး တော့တင်ဟမ် အသင်းနဲ့ ကစားရဖို့လည်း ကျန်နေပါသေးတယ် ။

ဝဲလ်ကော့ ကတော့ လီဗာပူး အတွက် ခက်ခဲမယ့် ပွဲစဉ်တွေဟာ လီဗာပူး ၊ တော့တင်ဟမ် တို့နဲ့ ကစားရမယ့် ပွဲတွေ မဟုတ်ဘဲ အဝေးကွင်းမှာ ဆက်တိုက် ကစားရမယ့် ပွဲစဉ်တွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။ ” လီဗာပူး အတွက် တခု ရှိတာက အတ္တလန်တာ အသင်း နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ်အပြီးမှာ အဝေးကွင်း ပွဲတွေ ကစားရမှာပါပဲ ။ သူတို့ရဲ့ ကျဆင်းမှု ဖြစ်သွား နိုင်ပါတယ် ။ ”
” အဝေးကွင်း လေးပွဲ ကစားရတာက မကောင်းပါဘူး ။ အဝေးကွင်းမှာ ကစားရတဲ့ အခါမှာ တခြား အရာလေးတွေလည်း သက်ရောက်မှု ရှိပါတယ် ၊ လီဗာပူး အသင်းကိုယ်တိုင် လည်း ဂွတ်ဒီဆင်ပါ့ခ် မှာ သွားရောက် ကစားရတာကို ကြိုက်မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM