
အာဆင်နယ် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်တွင် တော့တင်ဟမ် အသင်းကို သုံးဂိုး နှစ်ဂိုး နဲ့ အနိုင်ယူပြီး ချန်ပီယံ ပြိုင်ပွဲမှာ မန်စီးတီး ကို ဆက်လက် ဖိအား ပေး နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိမှာ မန်စီးတီး ထက် တစ်ပွဲပိုကစား ၊ တစ်မှတ် အသာ နဲ့ အမှတ်ပေး ဇယား ကို ဦးဆောင် နေတဲ့ အသင်းပါ ။
ရာသီကုန်ဖို့ ၃ ပွဲသာ လိုတော့ ချိန်မှာ အာဆင်နယ် အသင်းဟာ ဘုန်းမောက် ၊ မန်ယူနိုက်တက် ၊ အဲဗာတန် တို့ နဲ့ ကစားဖို့ ကျန်ရှိနေသေးပြီး မန်စီးတီး အသင်းကတော့ ဝုလ်ဗာဟမ်တန် ၊ ဖူလ်ဟမ် ၊ တော့တင်ဟမ် ၊ ဝက်စ်ဟမ်း တို့နဲ့ ကစားရဖို့ ကျန်နေသေးတာပါ ။

ဂန်းနားဟောင်း ပေါလ်မာဆင် ကတော့ ချန်ပီယံဆု အတွက် တိုက်ပွဲ ဝင်နေတဲ့ အာဆင်နယ် အသင်း အတွက် လက်ကျန် သုံးပွဲမှာ အခက်ခဲဆုံး ဖြစ်မယ့် ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကစားရမယ့် ပွဲဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။
ပေါလ်မာဆင် က Sky Sportsမှာ ” အာဆင်နယ် က တော့တင်ဟမ် နဲ့ ပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ အာဆင်နယ် ရဲ့ နိုင်ပွဲကြောင့် မန်စီးတီး အသင်း ဖိအား ဝင်သွားခဲ့ရတာ အမှန်ပါပဲ ၊ တော့တင်ဟမ် က အာဆင်နယ် အတွက် အခက်ခဲဆုံး ပွဲလို့ ကျနော် အရင်ကတည်းက မမြင်တာပါ ။ အာဆင်နယ် အတွက် အခက်ခဲဆုံး ဖြစ်မယ့် ပွဲစဉ်က မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲပါ ။ ”

” မန်ယူနိုက်တက်က အာဆင်နယ် နဲ့ဆို ထကောင်းလေ့ ရှိပါတယ် ။ ဘာလို့လဲတော့ ကျနော်လည်း မသိပါဘူး ၊ သူတို့ကို မေးကြည့်မှပဲ သိမှာပါ ။ ဒါပေမဲ့ အာဆင်နယ် က သူတို့ ကွင်းမှာဆို ပုံစံကောင်း ရပြီး နိုင်တာ အင်မတန် ရှားပါတယ် ၊ ဒါကြောင့် အဲ့ဒီပွဲက အာဆင်နယ် အတွက် အခက်ခဲဆုံးပွဲ ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM