Myanmar National Post

လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်များဖလား အခြေခံပညာကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲကျင်းပ

 


လားရှိုး  ၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်များဖလား အခြေခံပညာကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်က လားရှိုးမြို့၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြိုင်ပွဲအား ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်အနီး မြို့ဝင်မုဒ်ဦးမှ စတင်ခဲ့ပြီး မြို့တော်ခန်းမအနီး အဝိုင်းပတ်မှ ဘူတာ၊ ဘူတာမှ ပြည်ထောင်စုအားကစားကွင်းအထိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅၀ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယှဉ်ပြိုင်နေမှုအခြေအနေများအား ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဆိုင်ရာ‌ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် အမျိုးသားပထမဆုရရှိသည့် အ.ထ.က (၈) Grade-10 မှ မောင်ဇာနည်အောင်၊ ဒုတိယဆုရရှိသည့် အ.လ.က (ခွဲ)၊ အ.မ.က (၇) Grade-7 မှ မောင်ချောင်လွမ်း၊ တတိယဆုရရှိသည့် အ.ထ.က (၄) Grade-10 မှ မောင်လင်းထွန်း၊ အမျိုးသမီး ပထမဆုရရှိသည့် အ.ထ.က (ခွဲ) အ.လ.က (၇) Grade-10 မှ မမိုင်းရာ၊ ဒုတိယဆုရရှိသည့် အ.ထ.က (၆) Grade-10 မှ မအေးစန္ဒာ၊ တတိယဆုရရှိသည့် အ.ထ.က (၆) Grade-7 မှ မဆောင်းမြတ်ဦးနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား ၃၇ ဦး၊ ကျောင်းသူ ၃၇ ဦးတို့ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးတို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများနှင့် နှစ်သိမ့်ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူမော်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post