Sports Myanmar

တန်ဟတ်ရဲ့ နေရာကို ဘယ်သူနဲ့ အစားထိုးသင့်လဲဆိုတာ ယူနိုက်တက်ကို အကြံပေးလိုက်တဲ့ ပီတာ ရှမိုက်ကယ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေခဲ့ရပြီး နည်းပြ အဲရစ် တန်ဟတ် ရဲ့ အနာဂတ် ဟာလည်း မေးခွန်းထုတ်ခံနေခဲ့ရတာကြောင့် နယ်သာလန်သားဟာ ဖိအားတွေအောက် ကျနေခဲ့ရပါတယ် ။

အထူးသဖြင့် ပြီးခဲ့တဲ့ စနေနေ့က ဘန်လေ အသင်းကို 1 ဂိုးစီ သရေကျခဲ့တဲ့နောက် နည်းပြ တန်ဟတ် ကို အလုပ်ဖြုတ််လိုက်ဖို့ တောင်းဆိုသူ ပရိသတ် များပြားလာခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက် ဂန္တဝင် ရှမိုက်ကယ် က တူချယ် ကို နည်းပြသစ်အဖြစ် ခန့်အပ်သင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော် သောမတ်စ် တူချယ်ကို သဘောကျပါတယ် ။ ကျွန်တော် သူနဲ့ နှစ်ကြိမ်လောက် အင်တာဗျူးခဲ့ဖူးတယ်လေ ။ ဘောလုံး နဲ့ ပတ်သက်လို့ သူ့ရဲ့ ဗဟုသုတတွေဟာ အရမ်းကို ကောင်းမွန်လှပါတယ် ။ သူနဲ့ စကားပြောရတာ ပျော်ဖို့ကောင်းပါတယ် ”

” သူဟာ ဘောလုံး အသင်းကြီး နှစ်သင်းရဲ့ သမိုင်းတစ််လျှောက် အနိမ့်ပါးဆုံး အချိန်တွေမှာ နည်းပြဖြစ်ခဲ့ရတာက အနည်းငယ် ကံဆိုးခဲ့တယ်လို့ ပြောလို့ရပါတယ် ။ အဲ့ဒီတုန်းက အသင်းတွေဟာ အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့ကြဘူးလေ ”

” ချဲလ်ဆီး အသင်းမှာ သူမကောင်းခဲ့ဘူးလို့ ပြောလို့ မရနိုင်ပါဘူး ။ သူ အဲ့ဒီမှာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တယ်လေ ။ ဟုတ်တယ်မလား? ကျွန်တော်ကတော့ သူ့ကို တကယ် သဘောကျပါတယ် ။ သူ့ဆီမှာ ထူးခြားမှု တခုခု ရှိနေတယ်လေ ”

” လူတွေကို ဘယ်တော့မှမနှိုင်းယှဥ်သင့်ပါဘူး ။ ဒါပေမဲ့ သူဟာ ယာဂင် ကလော့ပ် လိုမျိုး ထူးကဲတဲ့ အရာတွေ ပိုင််ဆိုင်ထားသူ တစ်ဦးပါ ။ ကလော့ပ် ကို ကြည့်ရတာ Boss တစ်ဦးနဲ့ တူပြီး သူဘာတွေ လုပ်ပြနိုင်မလဲဆိုတာကို ခင််ဗျားတို့ သိနိုင်တယ်လေ ”

” တူချယ် ရဲ့ ပုံစံဟာ ယူနိုက်တက်မှာ အံဝင်နိုင်မလား ? ကျွန်တော် အဲ့ဒီလို မေးခွန်းမျိုးကိုတော့ မဖြေကြားလိုပါဘူး ။ အဲ့တာက စိတ်ကူးယဥ်ဆန်တဲ့ ကိစ္စမျိုးလေ ။ ကျွန််တော် မဖြေလိုပါဘူး ။ အကယ်လို့ ယူနိုက်တက်သာ စျေးကွက်ထဲ နည်းပြ ရှာချင်ရင် သူ့နာမည် ပါသင့်ပါတယ် ”

” သူ့နာမည်ကို လေးစားသမှုနဲ့ ထည့်သွင်း ဖော်ပြသင့်ပါတယ် ။ သူဟာ အထင်ကြီးစရာကောင်းတဲ့ နည်းပြမျိုးပါ ။ သူဟာ သြဇာအာဏာရှိသူ တစ်ဦးပါ ။ သူ ဘာတွေ လုပ်နိုင်လဲဆိုတာ ပြသထားခဲ့ပြီးပြီလေ ။ အဲ့တာ အရေးကြီးလှပါတယ် ” လို့ ပြောရင်း ယာဂင် ကလော့ပ် နဲ့ ပတ်သက်လို့..

MANCHESTER, ENGLAND – DECEMBER 12: Former Manchester United and Denmark goalkeeper Peter Schmeichel looks on during the UEFA Champions League match between Manchester United and FC Bayern München at Old Trafford on December 12, 2023 in Manchester, England. (Photo by James Gill – Danehouse/Getty Images)

” ကလော့ပ် လည်း မန်ချက်စတာ ယူနိုက်တက် အတွက် အံ့ဖွယ် နည်းပြကောင်း ဖြစ်နိုင်သူပါ ။ ကလော့ပ် က ယူနိုက်တက် မန်နေဂျာ ဖြစ်သင့်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး ။ သူလို နည်းပြ အမျိုးအစားက ယူနိုက်တက်မှာ ရှိသင့်တယ်လို့ ပြောတာပါ ” လို့ ရှမိုက်ကယ် က ပြောလိုက််ပါတယ် ။

#SM

မူရင်းသတင်း — Sports Myanmar