
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ မှာတော့ ဘိုင်ယန်မြူးနစ် နဲ့ ရီးရဲမက်ဒရစ် တို့ ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ် ။ အိမ်ရှင် ဘိုင်ယန် က ရီးရဲ ကို ဦးဆောင် ကစားနိုင်ခဲ့ပြီး ရီးရဲမက်ဒရစ် က ၈၂ မိနစ်မှာ ပင်နယ်တီ ကနေ ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ရီးရဲ တောင်ပံ ကစားသမား ဗီနီရှပ် က ရရှိသွားခဲ့ ပါတယ် ။

ရီးရဲကွင်းလယ် ကစာိးိသမားကြီး လူကာ မိုဒရစ် ကတော့ မနေ့ညက ပွဲအပြီးမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ကစားခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား ( ၃၈ နှစ် ၂၃၄ ရက် ) အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ် ။
ဘိုင်ယန် နည်းပြ သောမတ်စ် တူချယ် ကတော့ ဂနာဘရီ ဂိုးမသွင်းနိုင်ခဲ့မှု အပေါ် ကာကွယ်ပြောဆိုခဲ့ပြီး နောက်တကျော့ ကျန်ပါသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။
ချန်ပီယံရှစ် မှာတော့ အစ်ပ်ဆွစ် အသင်းဟာ ပွဲကျန်ကို အနိုင်ကစားခဲ့တာကြောင့် အဆင့် ၂ နေရာကို တက်လာနိုင်ခဲ့ပြီး ရာသီကုန်ဖို့ ၁ ပွဲအလိုမှာ လိဒ်ယူနိုက်တက် ကို ၃ မှတ်အသာစီး ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။
အပြောင်းအရွှေ့ သတင်းတွေမှာတော့ ဘိုင်ယန်မြူးနစ် ကစားသမား ဘရိုင်ယန် ဇာရာဂိုဇာ ဟာ ဂျာမန် ကလပ် ကနေ ထွက်ခွာဖို့ စိတ်ကူး မရှိဘူးလို့ ပြောဆိုသွားခဲ့ ပါတယ် ။ ဇာရာဂိုဇာ ဟာ အခုရာသီကမှ ဘိုင်ယန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လုံလောက်တဲ့ ပွဲကစားခွင့် မရရှိသူ တယောက်ဖြစ်ပါတယ် ။
ဘိုင်ယန်မြူးနစ် ဒါရိုက်တာ မက်စ် အီဘယ် ကတော့ သူတို့ဟာ နောက်ခံလူ အယ်လ်ဖွန်ဆို ဒါးဗိစ် နဲ့ ပတ်သက်ပြီး ဘယ်လို ကမ်းလှမ်းမှုမျိုးမှ မရရှိထားသေးပါဘူးလို့ ပြောဆိုခဲ့ပါတယ် ။

ဒါပေမယ့် သြစတြီးယား နည်းပြကြီး ရပ်ဖ် ရန်းနစ် နဲ့ ပြောဆို ဆွေးနွေးမှုတွေကတော့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ အတည်ပြုပေးသွားခဲ့ ပါတယ် ။
PSG နည်းပြ အန်နရီကေး ဟာ ကွင်းလယ်လူ ဗီတင်ညာ ကို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။
လီဗာပူး ပဲ့ကိုင်ရှင်သစ် ဖြစ်လာတော့မယ့် အာနီး စလော့ ဟာ အတ္တလန်တာ အသင်းရဲ့ ကွင်းလယ်လူ တူအန် ကော့ပ်မီးနားစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားိသိရပါတယ် ။

ဝက်စ်ဟမ်း နဲ့ ရာသီအကုန်မှာ လမ်းခွဲမယ့် နည်းပြ ဒေးဗစ် မိုရက်စ် ကို စပါးတပ် မော်စကို အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။
လက်စတာ စီးတီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာ အပြီးမှာတော့ ဝါရင့် တိုက်စစ်မှူးကြီး ဂျေမီ ဗာဒီ ဟာ ရာသီအကုန်မှာ အနားယူမယ့် ဆုံးဖြတ်ချက် ကို ပြန်ပြင်ဆင်ပြီး ၁ ရာသီ ဆက်ကစားဖို့အတွက် လက်စတာ နဲ့ ဆွေးနွေးပြောဆို နေတယ်လို့ သိရပါတယ် ။
SPORTS MYANMAR