
ဝက်စ်ဟမ်း အသင်း ရဲ့ တိုက်စစ်မှုး အန်တိုနီယို က ပရီးမီးယားလိဂ် ချန်ပီယံဆုဟာ နောက်ဆုံး နေ့အထိ ယှဉ်ပြိုင် ရဖို့ ရှိပြီး အဆုံးသတ်မှာ အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်း ပြောကြား သွားခဲ့ပါတယ် ။
လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ကို အာဆင်နယ် အသင်းက ဦးဆောင်နေတာ ဖြစ်ပေမယ့် မန်စီးတီး အသင်း က တစ်ပွဲလျော့ ကစားပြီး တစ်မှတ်အကွာ အနေအထားမှာပဲ ရှိနေတာကြောင့် ချန်ပီယံဆုက ဂွာဒီယိုလာ ရဲ့ အသင်း လက်ထဲမှာ ရှိနေသေးတဲ့ အနေအထားပါ ။

ရာသီကုန်ဖို့ ၃ ပွဲသာ လိုတော့ ချိန်မှာ အာဆင်နယ် အသင်းဟာ ဘုန်းမောက် ၊ မန်ယူနိုက်တက် ၊ အဲဗာတန် တို့ နဲ့ ကစားဖို့ ကျန်ရှိနေသေးပြီး မန်စီးတီး အသင်းကတော့ ဝုလ်ဗာဟမ်တန် ၊ ဖူလ်ဟမ် ၊ တော့တင်ဟမ် ၊ ဝက်စ်ဟမ်း တို့နဲ့ ကစားရဖို့ ကျန်နေသေးတာပါ ။
အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် လန်ဒန် ကလပ် အသင်းတွေက အဓိက အခန်းကဏ္ဍမှာ ရှိနေပြီး ဝက်စ်ဟမ်း အသင်း တိုက်စစ်မှုး အန်တိုနီယို ကတော့ သူတို့ မန်စီးတီးကို အနိုင်ရအောင် ကစားသွားမယ်လို့ ဆိုလိုက်ပါတယ် ။

” အာဆင်နယ် အသင်း ချန်ပီယံ မဖြစ်ခဲ့ရင်တောင် ကျနော်ကတော့ သူတို့ကို ခြေချော်နေကြ အသင်းလို့ ခေါ်သွားမှာ မဟုတ်ပါဘူး ။ နောက်ဆုံး နေ့အထိသာ ရောက်လာရင် အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်မယ်လို့ အာမခံ ရဲပါတယ် ၊ နောက်ဆုံးပွဲကျရင် ကျနော်တို့ ဝက်စ်ဟမ်း အသင်းက ဥရောပ ဝင်ခွင့် အတွက် မန်စီးတီး အသင်းနဲ့ အဝေးကွင်းပွဲကို ကြိုးစား ကစားရမှာလေ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM