
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ကစားရမဲ့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် နဲ့ အင်တာဗျူးခဲ့ပြီး အသင်းရဲ့ ကစားကွက်အကြောင်း အမေးခံလိုက်ရတဲ့အခါမှာတော့..
” အသင်းရဲ့ ကစားကွက်က အလုပ်မဖြစ်လို့ စိတ်ပျက်မိတယ်လို့ ပြောတာက မှန်ကန်တဲ့ စကားလုံး မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ လက်တွေ့ဆန်တဲ့သူ ဖြစ်နေလို့ပါ ။ မနှစ်က ကျွန်တော် စ,ရောက်လာတော့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ရပါတယ် ”

” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အဆုံးသတ်မှာ နိုင်ပွဲတွေ ရရှိနေဖို့က အဓိကပဲမဟုတ်လား ။ ပြီးခဲ့တဲ့ ရာသီကတည်းက ကျွန်တော်တို့ဟာ အရမ်းအောင်မြင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ နည်းလမ်း တစ်ခု တွေ့ရှိခဲ့ကြပါတယ် ”
” ဒီနှစ်မှာ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ချင်ကြပါတယ် ။ ကျွန်တော်တို့ဟာ ခံစစ်က တည်ပြီး ကစားပေးနိုင်တဲ့ ဂိုးသမားကို ခေါ်ယူခဲ့ကြပါတယ် ။ ပြီးတော့ ပေါက်ကွဲအားကောင်းတဲ့ မေဆွန်မောင့် ၊ သူကတော့ ဒဏ်ရာတွေနဲ့ လုံးပမ်းခဲ့ရပါတယ် ”
” ဒါ့အပြင် အသက်ငယ်ရွယ်ပြီး ထပ်မံ လေ့လာသင်ယူနိုင်တဲ့ ဂိုးသွင်းသူ ဟော့ဂျ်လန်း ကို ခေါ်ယူခဲ့ကြပါတယ် ။ ဒီအတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ရတယ် ၊ နောက်တဆင့်တက်နိုင်ခဲ့တယ်လို့ ယုံကြည်မှုအပြည့်အဝ ရှိနေကြပါတယ် ”

” ဒါပေမဲ့ ကျွန်တော်တို့ ဒဏ်ရာ ပြသနာတွေ အများကြီး ကြုံတွေ့ခဲ့ရပြီး အထူးသဖြင့် ခံစစ် 4 နေရာမှာ အပြောင််းအလဲတွေ အများကြီး လုပ်ဆောင်ခဲ့ကြရပါတယ် ။ အခု ကျွန်တော်တို့ 47 ပွဲ ကစားထားခဲ့ပြီး ခံစစ်မှာ ပြောင်းလဲမှု 30 အတွဲလောက် လုပ်ခဲ့ရပါတယ် ”
” ဒါက ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ အတွဲအဖက် မဟုတ််ပါဘူး ။ ဒဏ်ရာပြသနာတွေကြောင့် မဖြစ်မနေရွေးခဲ့လိုက်ရတာပါ ။ ဘောလုံးအကြောင်း အနည်းငယ် သိတဲ့သူတောင် ဒါဟာ ကြီးမားတဲ့ ဆိုးကျိုးကို ပေးနိုင်တယ်ဆိုတာ သိကြတယ်လေ ”
” အဲ့ဒီနောက် ကာစီမီရို ဟာ ဒဏ်ရာအကြာကြီး ရရှိသွားခဲ့ပါတယ် ။ ကျွန်တော်တို့ အသင်းမှာ ပြသနာတွေ အများကြီးရှိခဲ့ရပါတယ် ။ ဒီလို ကိစ္စတွေကြောင့် ကျွန်တော်တို့ ကစားစေချင်တဲ့ ပုံစံအတိုင်း ကစားစေလို့ မရနိုင်ခဲ့ဘူးလေ ”

” ဒါပေမဲ့ ပရိသတ်တွေက အောင်မြင်တဲ့အသင်း အနိုင်ရတဲ့ အသင်းမျိုးကို မြင်ချင်ကြတာလေ ။ ကျွန်တော်တို့ အမြဲဲတမ်း ကြိုးစားခဲ့တာက အသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ဖို့ ၊ တစ်စုံတစ်ခုကို လိုချင်ကြတဲ့ စိတ်ဓါတ်မျိုးနဲ့ ကစားပေးတဲ့ အသင်းမျိုးကို တည်ဆောက်ဖို့ပါ ”
” ကျွန်တော်တို့ ကစားကွက်ကို အပြောင်းအလဲ အနည််းငယ် လုပ်ဆောင်ခဲ့ရပါတယ် ။ အသင်းမှာ ဘယ်ခြေသန်တဲ့ ခံစစ်မှူး ၊ ခံစစ် အစွန်လူတွေ မရှိတာကအစ ခက်ခဲစေနိုင်တယ်လေ ။ ဒါတွေကို ကျွန်တော်တို့ ညှိနှိုင်းခဲ့ကြရပါတယ် ”
” ကျွန်တော်တို့ဟာ ကစားချင်တဲ့ ပုံစံမျိုးနဲ့ နီးစပ်အောင် ကစားပြနိုင်ခဲ့တဲ့အထိ မလုပ်ပြနိုင်ခဲ့ကြပါဘူး ။ ဒါပေမဲ့ သတင်းတွေကစုံခဲ့ပါတယ် ။ ကျွန်တော်တို့က တိုက်စစ်ဖိကစား ၊ ပေါက်ကွဲမှု အပြည့်နဲ့ကစား ၊ high line တွေမှာ ကစားဖို့ ကျွန်တော်တို့ ရည်ရွယ်ခဲ့ကြတာပါ ”

” ကျွန်တော်တို့ တိုးတက်ခဲ့ကြပါတယ် ။ ဆောင်းရာသီ အားလပ်ရက်ပြီးတော့ ကျွန်တော်တို့ ဂိုးတွေ ပိုပြီး သွင်းယူနိုင်ခဲ့ကြပါတယ် ။ ပြီးတော့ ခြေစွမ်းလည်း တည်ငြိမ်လာခဲ့ကြပါတယ် ။ 2024 မှာ ကျွန်တော်တို့ ရှုံးပွဲ အများကြီး မကြုံခဲ့ကြဘူးလေ ”
” ရှုံးပွဲ 3 ပွဲပဲ ရှိခဲ့ပါတယ် ။ ဒါပေမဲ့ သရေပွဲတွေ များခဲ့ရပါတယ် ။ ခံစစ်မှာ ဒဏ်ရာ ပြသနာတွေ များနေရင် တူညီတဲ့ နည်းစနစ် ၊ ဥပဒေသတွေနဲ့ ကစားပြလို့ ရနိုင်ပါတယ် ။ ဒါပေမဲ့ ကစားပုံ ခြားနားသွားမှာပါပဲ ။ ကျွန်တော်တို့ ရလဒ််ကောင်းတွေ မယူဆောင်နိုင်ခဲ့ကြပါဘူး ။ ဒါကို ကျွန်တော််တို့လည်း သိကြပါတယ် ” လို့ ဖြေကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
#SM