
ဆာဂျင်ရက်ကလစ်ဖ်က မြေလှန်ပြောင်းလဲမှုလုပ်ချင်နေတယ်။ ဟွိုင်လန်း၊ ဂါနာချိုနဲ့ မိန်နူးတို့ သုံးယောက်ပဲ အသင်းမှာဆက်ထားမယ်ဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ်။ တန်ဟက်ဂ်က အဲဒီသတင်းတွေကို ဟာသဆိုပြီး ရယ်ပွဲဖွဲ့တယ်။ တကယ်ဆိုရင် သူကိုယ်တိုင်လည်း အနာဂတ်မသေချာပါဘူး။ ကပ်ဘေးဆိုက်နေတာ ရပ်ရှ်ဖို့ဒ် တစ်ယောက်တည်းမဟုတ်ဘူး။ ဥရောပပြိုင်ပွဲဝင်ခွင့် မရေရာသေးဘဲ ဖလားလက်မဲ့ရာသီ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေဆိုးကို ယူနိုက်တက် ပိုင်ဆိုင်ထားတယ်။