Sports Myanmar

မန်ယူနိုက်တက် vs အာဆင်နယ် ပွဲစဉ်ကို အံ့အားသင့်ဖွယ်ရလဒ် ခန့်မှန်းလိုက်တဲ့ ဂယ်ရီနဗီး

 

ဂယ်ရီနဗီးက မန်ချက်စတာယူနိုက်တက် အသင်းဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား အိမ်မက်ကို အိုးထရပ်ဖို့ဒ်မှာ အဆုံးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဂန်းနားတို့ဟာ လက်ရှိအချိန်မှာ စီးတီးထက် တစ်ပွဲပိုကစားကာ တစ်မှတ်အသာနဲ့ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။

အာဆင်နယ်ဟာ လက်ကျန် ၂ ပွဲမှာ ယူနိုက်တက် အဲဗာတန် တို့နဲ့ ကစားရမှာ ဖြစ်ပြီး မန်စီးတီးတို့ လက်ကျန် ၃ ပွဲမှာ အမှတ်လျော့မှသာ ချန်ပီယံ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ နဗီးကတော့ အာဆင်နယ်ဟာ ပထမဦးဆုံး အမှတ်လျော့သွားမယ့် အသင်း ဖြစ်တယ်လို့ ခန့်မှန်းလိုက်ပြီး ဂန်းနားတို့ဟာ အိုးထရပ်ဖို့ဒ်မှာ ၃ မှတ် အပြည့်မရနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

LONDON, ENGLAND – OCTOBER 28: Arsenal manager Mikel Arteta applauds the supporters during the Premier League match between Arsenal FC and Sheffield United at Emirates Stadium on October 28, 2023 in London, England. (Photo by Mark Leech/Offside/Offside via Getty Images)

မန်ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့စ်ကို အရှက်ရဖွယ် ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့အပြင် ဒဏ်ရာရ ကစားသမားတွေ ကလည်း များပြားနေတာကြောင့် အာဆင်နယ်ကသာ အနိုင်ရမယ်လို့ တော်တော်များများက ခန့်မှန်းနေကြပါတယ်။ နဗီးကတော့ သူ့ရဲ့ အသင်းဟောင်း ဘက်ကသာ ထောက်ခံခဲ့ပြီး ဂန်းနားတို့နဲ့ ပွဲမှာ ယူနိုက်တက်ဟာ မထင်မှတ်တဲ့ performance ကို ပြသလိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

နဗီးက “ဒါဟာ ပွဲကြီးပွဲကောင်းပါတယ်။ အာဆင်နယ်ဟာ အိုးထရပ်ဖို့ဒ်မှာ record မကောင်းပါဘူး။ ပြောရမယ့် အချက် ၃ ချက် ရှိပါတယ်။ ပထမအချက်က ဒါဟာ အာဆင်နယ် အတွက် အရေးကြီးလှတဲ့ပွဲပါ။ ဒုတိယက ယူနိုက်တက်ဟာ အသင်းကြီးတွေနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရာမှာ ရလဒ်က သိပ်မဆိုးလှပါဘူး။ ထိပ်တန်း အသင်း အများစုဟာ ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ အနိုင်မရခဲ့ပါဘူး။ တတိယ အချက်က အာဆင်နယ်ဟာ အိုးထရပ်ဖို့ဒ်မှာ ရလဒ်မကောင်းတဲ့ မှတ်တမ်း ရှိနေတာပါပဲ။

လူတော်တော်များများဟာ ဒီပွဲမှာ ယူနိုက်တက်ကို မျှော်လင့်ထားတာ မရှိသလောက်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အတော်လေး ဆိုးခဲ့လို့ပါ။ ဒါပေမယ့် အိုးထရပ်ဖို့ဒ်ဟာ အာဆင်နယ် အတွက် သချိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်တို့ ဒီပွဲကို အနိုင်ရသင့်ပေမယ့် သူတို့ နိုင်မယ်လို့ ကျနော် မထင်ပါဘူး။ အိုးထရပ်ဖို့ဒ်ဟာ ရူးသွပ်မှုကို ပေးနိုင်ပါတယ်။ title race နဲ့ ပက်သက်တဲ့ ဒီလိုပွဲမျိုးဟာ ခင်ဗျားတို့ ထင်ထားသလိုမျိုး ဖြစ်မလာတက်ပါဘူး။

ကျနော်ကတော့ ၂-၂ လို့ ရွေးချယ်ပါတယ်။ ဒါဟာ ကျနော့်ရဲ့ ခံစားချက်ပါ။ အာဆင်နယ် အနိုင်ရသင့်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒီလိုမျိုး ခံစားချက်ကို ရနေပါတယ်။” လို့ ပြောလိုက်ပါတယ်။

မူရင်းသတင်း — Sports Myanmar