
BBC ရဲ့ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းသုံးသပ်သူ ချဲလ်ဆီး ကစားသမားဟောင်း ခရစ်ဆပ်တန် ကတော့ ဒီတစ်ပတ် အိုးထရက်ဖိုဒ့် မှာ ကစားမယ့် ပွဲမှာ အာဆင်နယ် အသင်း ဟာ မန်ချက်စတာ ယူနိက်တက် အသင်းကို ငါးဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ် နဲ့ အလွယ်တကူ ဂိုးပြတ် အနိုင် ရသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ် ။
” မန်ချက်စတာ ယူနိုက်တက် အသင်း ပရိသတ်တွေအနေနဲ့ အတိတ် က အောင်မြင်မှုတွေမှာပဲ သာယာနေကြတာကို ရပ်တန့် သင့်ပါပြီ ၊ အခုက ဆာအဲလက်စ် ဖာဂူဆန် ခေတ်လည်း မဟုတ်တော့ပါဘူး ။ ပရီးမီးယားလိဂ်မှာ ကျနော် အကြိုက်ဆုံး အသင်းက ဆာအဲလက်စ် ဖာဂူဆန် ရဲ့ ဖလား သုံးလုံးရ မန်ယူနိုက်တက် အသင်းပါ ၊ ဒါကြောင့် လူတွေ ထင်နေကြသလို ကျနော် က မန်ယူနိုက်တက် ကို မုန်းတယ် ဆိုတာ မဟုတ်ပါဘူး ။ ”

” ယူနိုက်တက် က ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး အသင်း ဖြစ်ခဲ့တာ မှန်ပါတယ် ၊ တကယ် လည်း ကောင်းခဲ့ပါတယ် ၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး ။ တန်ဟက် ကလည်း ရာသီကုန်မှာ အသင်းက ထွက်တော့မှာပါ ၊ အာဆင်နယ် အနေနဲ့ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက် ကို အပြတ်အသတ် ချေမှုန်း သင့်ပါတယ် ။ ”
” မေးစရာ ရှိတာက အာဆင်နယ် အသင်း ဒီပွဲမှာ ခြေစွမ်းပြ ကစား နိုင်မလား ဆိုတာပါပဲ ။ သူတို့ ပုံမှန်အောက် ရောက်နေတော့ ခရစ်ကတ်ပွဲ ရလဒ်လိုပဲ ဖြစ်သွားပါလိမ့်မယ် ၊ ဖာနန်ဒက်စ် ကို ကပ္ပတိန် အဖြစ် ခန့်ခဲ့တဲ့ အပေါ် ကျနော် မေးခွန်း ထုတ်ခဲ့ဖူးပါတယ် ၊ ဒါပေမဲ့ ပဲလေစ့် နဲ့ ပွဲမှာ ယူနိုက်တက် က သူ့ကို လုံးဝ လိုအပ် နေခဲ့တာပါ ။ ”

” အာဆင်နယ် နဲ့ ပွဲအတွက် ဖာနန်ဒက်စ် ကြံ့ခိုင်မှု ပြည့်ဝ နေဖို့ လိုအပ်ပါတယ် ၊ ယူနိုက်တက် အနိုင်ရဖို့ တစ်ခုတည်းသော နည်းလမ်း က ခံစစ် ကစားမယ် တန်ပြန်တိုက်စစ် ကနေ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချ နိုင်မှပဲ နိုင်မှာပါ ။ အာဆင်နယ် အသင်း ဘာမှ မယ်မယ်ရရ မလုပ်ပြနိုင်ဘဲ ခြေပျက်နေဖို့လည်း လိုတာပေါ့ဗျာ ၊ ကျနော်ကတော့ အာဆင်နယ် အသင်း 1-5 နဲ့ အလွယ်တကူ အနိုင် ရလိမ့်မယ်လို့ မြင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM