Sports Myanmar

နောက်ဆုံးရ အားကစား သတင်းများ

 

 

အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ ကစားသမား ၇ ယောက်အထိ ရောင်းထုတ် သွားနိုင်ဖို့ စိတ်ကူးထားပြီး ရမ်စ်ဒေး ၊ အန်ကီတီယာ ၊ စမစ်ရိုး ၊ တိုင်ယာနီ ၊ နူနို တာဗာရက်စ် တို့တွေ ပါဝင်တယ်လို့ ကြားသိရပါတယ် ။

LONDON, ENGLAND – OCTOBER 28: Arsenal manager Mikel Arteta applauds the supporters during the Premier League match between Arsenal FC and Sheffield United at Emirates Stadium on October 28, 2023 in London, England. (Photo by Mark Leech/Offside/Offside via Getty Images)

မန်ချက်စတာ ယူနိုက်တက် လက်ထောက် နည်းပြ စတိဗ် မက္ကလာရင် ဟာ အသင်းမှာ ဆက်ရှိနေဖို့ အတွက် အာမခံချက် ရရှိနေပြီး အဲရစ် တန်ဟတ် ကို ထုတ်ပယ်ဖြစ်ခဲ့ရင်တောင်မှ မက္ကလာရင် ကျန်ရစ် နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။

 

မန်စီးတီး အသင်းဟာ ရေးဗားပလိတ် ကနေ ဝယ်ယူထားတဲ့ အာဂျင်တီးနား လူငယ်လေး ကလော်ဒီယို အီချီဗာရီ ကို ပိုင်ရှင်တူ အသင်း ဂျီရိုနာ ဆီကို အငှားချဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

ဆော်ဒီ အမှတ်ပေး ချန်ပီယံ အယ်လ်ဟီလေ ဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ ဘရာဖီး တိုက်စစ်မှူး ရစ်ချလီဆင် ကို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ် ။

 

ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ နောက်ကျော ဒဏ်ရာ ခံစားနေရပြီး တောင်ပံ ကစားသမား ဂနာဘရီ ဟာလည်း ကြွက်သား ဒဏ်ရာ ရရှိနေတယ်လို့ ကြားသိရပါတယ် ။

နည်းပြပစ်မှတ်တွေ တခုပြီး တခု လွဲချော်နေတဲ့ ဘိုင်ယန်မြူးနစ် ဟာ အခုနောက်ဆုံးမှာတော့ နည်းပြဟောင်း ဟန်ဆီ ဖလစ် ဘက်ကို ပြန်လည် မြားဦးလှည့်လာခဲ့တယ်လို့ သိရပါတယ် ။

 

နယူးကာဆယ် ကင်းထောက်တွေဟာ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လဟာ ကို နွေရာသီမှာ ခေါ်ယူသင့်ကြောင်း အသင်းအကြီးအကဲတွေဆီ တင်ပြထားတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ မှာ နည်းပြအဖြစ် ဆက်ရှိနေမယ့် ဇာဗီ ကလည်း တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ကို ရောင်းထုတ်သွားဖို့ စိတ်ဆန္ဒ ရှိနေပြီး တိုက်စစ်အစားထိုးမှု ပြုလုပ်လိုတယ်လို့ သိရှိရပါတယ် ။

 

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar