
လက်စတာ၊ မြေခွေးတွေ၊ ကျွန်တော်တို့ နှလုံးသားကို ကုတ်ခြစ်သွားတာ မနေ့ကလိုပါပဲလား။ ပရီးမီးယားလိဂ်ရဲ့အဆန်းကြယ်ဆုံးချန်ပီယံဇာတ်ညွှန်းကို သရုပ်ဖော်ခဲ့ပုံများ ပြန်တွေးကြည့်တိုင်း တစိမ့်စိမ့် ရင်ခုန်နေရဆဲ။ ဗာဒီ၊ ကွန်တေ၊ မာရက်ဇ်၊ ကက်စပါရှမိုက်ကယ်နဲ့ မထင်မရှားကြယ်ပွင့်တွေဟာ ပရီးမီးယားလိဂ်ရဲ့ ဒဏ္ဍာရီတစ်ခုပဲ။ အိုကာဇာကီရဲ့ဆာမူရိုင်းဓားချက်မှာ ပြိုင်ဘက်တွေရဲ့ဂုဏ်သိက္ခာသွေးများစွာ တဖြန်းဖြန်းပန်းထွက်ခဲ့ပေါ့။