
ရွန်းနီက အဲရစ်တန်းဟတ်ဟာ မနေ့ညက အာဆင်နယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက် ကစားသမားတွေရဲ့ attitude အပေါ် မေးခွန်းထုတ်ကာ သူ့ရဲ့ squad ကို စော်ကားမှု လုပ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပဲလေ့စ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို တုန့်ပြန်ဖို့ ရည်ရွယ်ခဲ့ကာ အာဆင်နယ်နဲ့ ပွဲအစပိုင်းမှာ ကစားပုံ ကောင်းခဲ့ပြီး ဂန်းနားဖန်တွေကို စိုးရိမ်စေခဲ့ပါတယ်။
ဒါပေမယ့်လည်း ကတ်စမီရိုရဲ့ အမှားကနေ ထရိုဆန့်က ဂိုးသွင်းယူသွားခဲ့ပြီး ဂန်းနားတို့ဟာ ဒီရလဒ်ကို ပွဲပြီးတဲ့အထိ ထိန်းထားနိုင်ခဲ့ကာ အရေးပါတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ နောက်ထပ် ရလဒ်ဆိုးကို ကြုံခဲ့ရပေမယ့်လည်း တန်းဟတ်ဟာ ပဲလေ့စ်နဲ့ပွဲကထက်စာရင် များစွာ တိုးတက်လာခဲ့တဲ့ သူ့အသင်းရဲ့ ကစားပုံကို ချီးကျူးသွားခဲ့ပါတယ်။

တန်းဟတ်က “ကျနော်တို့ ဒီညမှာ ပရိတ်သတ်တွေကို မျက်နှာပြရဲပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သူတို့ကို မျက်နှာမပြရဲခဲ့ပါဘူး။ ဒီညမှာ ကျနော်တို့ ပရိတ်သတ်တွေကို တိုက်ပွဲ၀င်စိတ်ဓာတ် ပြသနိုင်ခဲ့ပါတယ်။ ဒါဟာ ပွဲတိုင်းမဆို ရှိနေရမယ့် standard ဖြစ်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ attitude ကနေ စတင်တာပါ။ ရက်သတ္တပတ် အတွင်းမှာ ဒါကို တည်ဆောက်သွားရမှာ ဖြစ်ပြီး ပွဲနေ့မှာ ပြသသွားရမှာပါ။
ဒီနေ့မှာ ကျနော်တို့ ဒါကို ပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ အဓိက ကစားသမား ၇ ယောက်လောက် လွဲချော်ခဲ့ရတဲ့ အခြေအနေနဲ့ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို ယှဉ်နိုင်ခဲ့ပါတယ်။”

အင်္ဂလန် နဲ့ မန်ယူနိုက်တက် ကစားသမားဟောင်း ရွန်းနီ ကတော့ ကစားသမားတွေ အနေနဲ့ ပြီးခဲ့တဲ့ အပတ်တွေက ၎င်းတို့ရဲ့ attitude အပေါ် အဲရစ်တန်းဟတ်ရဲ့ မေးခွန်းထုတ်ခံရမှု အပေါ် စော်ကားခံရသလို ခံစားသင့်တယ်လို့ ပြောလိုက်ပါတယ်။
ရွန်းနီက “မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာက ဘယ်သူပဲ ဖြစ်ဖြစ် အမြဲတမ်း ဖိအားတွေအောက်မှာ ရှိနေမှာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ ကြီးကြယ်တဲ့ ကလပ် ဖြစ်နေလို့ပါ။ ဒီအချိန်မှာ ယူနိုက်တက်ရဲ့ ရှုံးပွဲတွေ ကြုံတွေ့နေရတဲ့ ပုံစံအရ ဆိုရင်တော့ ကြီးမားတဲ့ မေးခွန်းထုတ်ခံရမှုတွေက ရှိနေမှာပါ။

ကျနော် ရက်သတ္တပတ် အနည်းငယ်က ဒါကို ပြောခဲ့ဖူးပါတယ်။ ကစားသမားတွေ အနေနဲ့ ကိုယ့်ကိုကိုယ့် ပြန်ကြည့်သင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ မန်နေဂျာက အင်တာဗျူးမှာ attitude အကြောင်း ပြောတာတို့ ကစားသမားတွေရဲ့ attitude က မန်ယူနိုက်တက် အတွက် ကစားပေးရန် မှန်ကန်မှု မရှိဘူးဆိုပြီး ပြောဆိုခံရတာဟာ ကြီးမားတဲ့ စော်ကားခံရမှု ဖြစ်ပါတယ်။
အကယ်လို့များ ကျနော့်ရဲ့ မန်နေဂျာက ဒီလိုမျိုး ပြောနေမယ်ဆိုရင် ကျနော့် အနေနဲ့ ဒါမျိုးကို ရာသီကုန်ထိ ပြောနေဖို့ ခွင့်ပြုသွားဖို့ အကြောင်း မရှိပါဘူး။ အခုကြည့်ရတာက ကစာသးမား တစ်ချို့ဟာ ရာသီ အမြန်ကုန်ဖို့ အတွက်သာ ခေါင်းထဲမှာ ရှိနေကြတဲ့ ပုံစံပါပဲ။ ကျနော်ကတော့ နည်းပြဘက်ကနေ ခံစားလို့ ရပါတယ်။ ဒါပေမယ့် ကစားသမားတွေ မှန်ကန်တဲ့ attitude ရှိအောင် လုပ်ဖို့က သူ့ရဲ့ အလုပ်ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။