Eleven Media Group

■ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) ပွဲကြိုသုံးသပ်ချက်

Photo: Gettimages

♦ စပါး - မန်စီးတီး (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)

◘ Current Form

စပါး - LLLLW
မန်စီးတီး - WWWWW

◘ Last Meetings

၂၀၂၁-၂၂ စပါး ၁-၀ မန်စီးတီး
မန်စီးတီး ၂-၃ စပါး
၂၀၂၂-၂၃ မန်စီးတီး ၄-၂ စပါး
စပါး ၁-၀ မန်စီးတီး
၂၀၂၃-၂၄ မန်စီးတီး ၃-၃ စပါး
(FA Cup) စပါး ၀-၁ မန်စီးတီး

စပါးက ဒီပွဲအပေါ် ဘယ်လောက်အလေးအနက်ထားမလဲဆိုတာ တွေးရခက်တယ်။ ဒီပွဲနဲ့ပတ်သက်ရင် တွေးစရာတွေက ဘယ်လောက်အထိ ပွဲအပေါ် အာရုံစိုက်မလဲဆိုတဲ့အချက်၊ လက်ရှိခြေစွမ်းနဲ့ နောက်ပိုင်းနှစ်တွေမှာ ထိပ်တိုက်တွေ့ဆုံမှုအခြေအနေလို့ ပြောရမယ်။ တကယ်တော့ သူတစ်လှည့်ကိုယ်တစ်လှည့်နိုင်နေတဲ့ အသင်းတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဆိုတာက သိပ်အရေးမပါပါဘူး။ ဒါပေမဲ့ စပါးက ပရီးမီးယားလိဂ်မှာ နောက်ဆုံး အိမ်ကွင်း ၄ ပွဲဆက် Clean Sheet တွေနဲ့ နိုင်တာမျိုးကတော့ စိတ်ပိုင်းဆိုင်ရာမှာ တွေးစရာတွေရှိတယ်။ ဒါပေမဲ့ လက်ရှိမန်စီးတီးက ပိုကောင်းသလို၊ ချန်ပီယံဆုအတွက် လက်တစ်ကမ်းအခြေအနေပါ။ မန်စီးတီးပဲ နိုင်မယ်။

◘ Facts

စပါးအသင်းသည် မန်စီးတီးအသင်းကို အိမ်ကွင်းတွင်လက်ခံကစားသည့် ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲတွင် (၅)ပွဲအထိ အနိုင်ရခဲ့ပြီး အနိုင်ရရှိသည့် (၅)ပွဲစလုံးတွင်လည်း Clean Sheet ရလဒ်များ ရယူနိုင်ခဲ့သည်။
- မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၇)ပွဲဆက် အနိုင်ရခဲ့ပြီး (၄)ဂိုးနှင့်အထက်သွင်းနိုင်သည့်ပွဲမှာလည်း (၆)ပွဲရှိခဲ့သည်။

မူရင်းသတင်း — Eleven Media Group