Eleven Media Group

■ လာလီဂါ ပွဲစဉ်(၃၆) ပွဲကြိုသုံးသပ်ချက်

Photo: Real Madrid

♦ အိုဆာဆူနာ - မာယော့ကာ (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ဝဝးဝ၀ နာရီ)

တန်းဆင်းအန္တရာယ်မှလွတ်မြောက်ရေး မာယော့ကာ အမှတ်ရှာရဦးမယ်ဆိုရင်တော့ အိုဆာဆူနာကွင်းမှာ သေချာအားထုတ်လာမှာပါ။ အိုဆာဆူနာကလည်း ကစားပုံတောက်လျှောက် ပြန်ကျနေတယ်။ မာယော့ကာ အနည်းဆုံး သရေကစားမှာပါ။

♦ ရီးယဲလ်မက်ဒရစ် - အလာဗတ်စ် (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၀၂းဝ၀ နာရီ)

အလာဗတ်စ်ရဲ့ လက်ရှိအဝေးကွင်းခြေစွမ်းကလည်း ချန်ပီယံရီးယဲလ်မက်ဒရစ်သာ တကယ်ကစားရင် လုံးဝယှဉ်နိုင်ဖို့မရှိတာလည်း သေချာနေတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ လက်ကျန်လာလီဂါပွဲအားလုံးက ချန်ပီယံလိဂ်ဗိုလ်လုပွဲမကစားမီ အကြိုပြင်ဆင်စမ်းသပ်ရင်း ကစားမယ့်ပွဲတွေချည်းပါပဲ။ ဒါပေမဲ့ အခုပွဲကတော့ အိမ်ကွင်းသစ်ကြီးမှာ ချန်ပီယံဆုဖလားနဲ့ အောင်ပွဲခံရဦးမှာဆိုတော့ အလာဗတ်စ်ကို အနိုင်ယူပြီး ဂုဏ်သိက္ခာရှိရှိအောင်ပွဲခံနိုင်ဖို့ ကြိုးစားကြမှာသေချာပါတယ်။ အလာဗတ်စ်ရဲ့ ခံစစ်အားကို ရီးယဲလ်တိုက်စစ် ဂိုးဘယ်လောက်သွင်းမလဲဆိုတာက အဓိကအဖြေပါ။ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအနည်းပဲ ရွေးထားသင့်တယ်။

♦ ဂျီရိုနာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၀၂း၃၀ နာရီ)

ဘာစီလိုနာနဲ့ ဒုတိယနေရာ အပြိုင်လုနေရချိန်ဖြစ်လို့ ဂျီရိုနာရဲ့အိမ်ကွင်းကစားပုံ လျော့သွားဖို့ မရှိနိုင်သေးဘူး။ ဗီလာရီးယဲလ်က ခံစစ်အားနည်းနေသေးပြီး အဝေးကွင်းလည်း သိပ်မငြိမ်လှသေးလို့ ဂျီရိုနာနဲ့ ဂိုးအများပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။

မူရင်းသတင်း — Eleven Media Group