Eleven Media Group

လာမည့်ရာသီ၌ အသင်းတွင် ဂရင်းဝုဒ် ဆက်ရှိရန် (၉၀)ရာခိုင်နှုန်းသေချာသည်ဟု ဂီတာဖေးဥက္ကဋ္ဌ အိန်ဂျယ်တောရက်စ် ဆို

Photo: The Sun

ဂီတာဖေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ အိန်ဂျယ်တောရက်စ်က အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ် အသင်းတွင် ဆက်ရှိရန် (၉၀)ရာခိုင်နှုန်းသေချာသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဂရင်းဝုဒ်(၂၂ နှစ်)သည် လူမှုရေးပြဿနာကြောင့် မန်ယူ အသင်းမှ ဂီတာဖေးအသင်းထံ အငှားချခံခဲ့ရခြင်းဖြစ်ပြီး လာမည့်နွေရာသီ၌ အပြီးသတ်ရောင်းထုတ်ခံရဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

သို့သော် အိန်ဂျယ်တောရက်စ်က "ဂရင်းဝုဒ်က နောက်ထပ်တစ်နှစ် ကျွန်တော်တို့နဲ့ ဆက်ရှိချင်ပြီး သဘောတူညီမှုလည်း ရထားပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ ၂၀၂၄-၂၅ ရာသီမှာ ဂရင်းဝုဒ် ကျွန်တော်တို့ နဲ့ ဆက်ရှိနေဖို့ (၉၀)ရာခိုင်နှုန်း သေချာတယ်ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

ဂရင်းဝုဒ်သည် ဂီတာဖေးအသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဂီတာဖေးအသင်းပရိသတ်များ၏ အားပေးထောက်ခံမှုကို ရရှိထားသူလည်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group