Eleven Media Group

ဥရောပကို အနိုင်ပိုင်းခဲ့ခြင်း

Photo : X

၂၀၀၇ ခုနှစ်မှာ ဒေးဗစ်ဘက်ခမ်နဲ့ မေဂျာလိဂ်ကလပ် LA ဂလက်ဆီတို့ရဲ့ အပြောင်းအရွှေ့ကအစပြုလို့ ဥရောပဘောလုံးရပ်ဝန်းရဲ့ နာမည်ကျော် မီးစာကုန်ဆီခမ်း အသက်အရွယ်ရလာတဲ့ကစားသမားကြီးတွေဟာ သူတို့ကစားသမားဘဝရဲ့နေဝင်ချိန်ကို ဘောလုံးဖွံ့ဖြိုးတိုးတက်မှုကောင်းမွန်ပြီး၊ ငွေကြေးကြွယ်ဝချမ်းသာတဲ့ ဥရောပပြင်ပလိဂ်ပြိုင်ပွဲကြီးတွေမှာ ဆက်တိုက်ဆိုသလို သွားရောက်ကစားခဲ့ကြတာပါ။ ဒီအရှိန်အဟုန်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အားအကောင်းဆုံးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်မေဂျာလိဂ်အပြင်၊ ဆော်ဒီလိဂ်ကပါ ငွေကြေးအင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့လို့ ဥရောပမြေကိုစွန့်ခွာမယ့် ကစားသမားတွေအတွက်လည်း ရွေးချယ်စရာပို များလာခဲ့ပြီလို့ဆိုရမှာပါ။

မူရင်းသတင်း — Eleven Media Group