
ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက အသင်းတိုက်စစ်မှူး ဂျက်ဆန်သည် ထိပ်တန်းတိုက်စစ်မှူးဖြစ်လာနိုင်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
ဂျက်ဆန်(၂၂ နှစ်)သည် ချယ်လ်ဆီးအတွက် ယခုရာသီပြိုင်ပွဲစုံ (၁၇)ဂိုး သွင်းယူထားသော်လည်း အပိုင်အခွင့်အရေးများကို လွဲချော်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပိုချက်တီနိုက ''ဂျက်ဆန်က ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာနိုင်သူပါ။ သူ့ကို အချိန်ပေးဖို့ပဲ လိုပါတယ်။ ရာသီအစတုန်းက သူဟာ ဒရော့ဘာနဲ့ နှိုင်းယှဉ်ခံရတာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ သူ့အပေါ် လူတွေရဲ့အမြင် ပြောင်းလဲလာတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်''ဟု ပြောကြားခဲ့သည်။