Sports Myanmar

ဘယ်လို အနေအထားမျိုးမှာ ယူနိုက်တက်ကနေ ထွက်ခွာမလဲဆိုတာ ထုတ်ပြောလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှား အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဒီရာသီရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဥ်အဖြစ် နယူးကာဆယ် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ကော့ဘီ မိုင်နူး ၊ အာမတ် ဒီယာလို နဲ့ ရပ်စ်မတ် ဟော့ဂျ်လန်း တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဟော့ဂျ်လန်း ရဲ့ ဂိုးကိုတော့ ဘရူနို က ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ အနာဂတ် နဲ့ ပတ်သက်လို့ အသင်း ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် က အသင်းက အလိုမရှိမှ သူဟာ ဒီအသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ် ။

” အသင်းဘက်က ကျွန်တော့်ကို အနာဂတ်မှာ အစိတ််အပိုင်း တစ်ခုအဖြစ် ပါဝင်စေချင်တယ်လို့ ကျွန်တော် ခံစားမိပါတယ် ။ ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ ၊ ကျွန်တော့်ကို အလိုမရှိတဲ့ အသင်း တစ်သင်းမှာ ကျွန်တော် ဆက်ပြီး ရှိနေမှာ မဟုတ်ပါဘူး ”

” အကယ်လို့ အကြောင်းပြချက် တစ်စုံတရာကြောင့် သူတို့က ကျွန်တော့်ကို အသင်းမှာ ဆက်လက် မရှိစေချင်ရင် ကျွန်တော် ထွက်ခွာသွားလိုက်မှာပါ ။ သူတို့ အလိုရှိသေးရင်တော့ ကျွန်တော် ဆက်ရှိနေမှာပါ ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ဘရူနို နဲ့ ပတ်သက်လို့…

” နိုးပါ ၊ အသင်းဖက်က ဘရူနို ကို အသင်းမှာပဲ ဆက်ပြီး ထိန်းသိမ်းထားချင်ပါတယ် ။ ဒီအတွက် မေးခွန်းထုတ်နေစရာ ဘာမှ မရှိဘူးလို့ ကျွန်တော် တွေးပါတယ် ။ သူ့ရဲ့ အင်တာဗျူးကို ကျွန်တော် ကြည့်ပါဦးမယ် ”

” ဒါပေမဲ့ ကျွန်တော် သိသလောက်တော့ သူဟာ ယူနိုက်တက် ကို ချစ်ပါတယ် ။ သူဟာ အမြဲတမ်း အကောင်းဆုံး ပေးဆပ်ခဲ့သူပါ ။ သူက ဒဏ်ရာနဲ့တောင် ကစားပေးလိုသူ ပါပဲ ။ သူက ဘောလုံးကို ချစ်ပါတယ် ၊ အနိုင်ရချင်တယ် ” လို့ ပြောခဲ့လိုက်ပါတယ် ။

#SM

မူရင်းသတင်း — Sports Myanmar