
မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက အသင်းအနေဖြင့် လာမည့်နွေရာသီ၌ အပြောင်းအလဲများစွာပြုလုပ်ရန် လိုအပ်နေသော်လည်း လက်ရှိအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နှင့် လူငယ်က စားသမားများကို ထိန်းသိမ်းထားသင့်ကြောင်း အကြံပြုခဲ့သည်။
''မန်စီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကို ယှဉ်နိုင်ဖို့ ပိုကောင်းတဲ့ကစားသမားတွေ လိုပါတယ်။ အပြောင်းအလဲအများကြီး ပြုလုပ်စရာရှိပေမဲ့ လူငယ်ကစားသမားတွေနဲ့ ဘရူနိုကို ထိန်းသိမ်းထားသင့်တယ်လို့ ထင်ပါတယ်''ဟု ရွန်နီက ပြောကြားခဲ့သည်။
မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ်သည် လာမည့်နွေရာသီတွင် ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သတင်းထွက်နေသည်။