Sports Myanmar

ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ မန်စီးတီး နှင့် အာဆင်နယ် ဘယ်လို ရလဒ် ထွက်ပေါ် မလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနားဟောင်း ပေါလ်မာဆင် က ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ အာဆင်နယ် နှင့် မန်ချက်စတာ စီးတီး အသင်း နှစ်သင်းစလုံး နိုင်ပွဲ ရယူနိုင်လိမ့်မယ်လို့ ‌ဆိုလိုက်ပြီး မန်စီးတီး အသင်းပဲ ချန်ပီယံ အဖြစ် အောင်ပွဲခံသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။

” မန်စီးတီး အသင်းက သူ့အလုပ် သူလုပ်ပြီး စံချိန်တင် ‌ပရီးမီးယားလိဂ် ချန်ပီယံ‌ဆုကြီးကို လေးနှစ်ဆက် ရယူ သွားမှာပါ ။ နောက်ဆုံး နေ့မှာ ဒီလိုပွဲ ကစားရမှာက သူတို့ အတွက် ကောင်းပါတယ် ၊ ဒါပေမဲ့ သူတို့ အနေနဲ့ ဗျာမများရအောင် စောစောစီးစီး ဂိုးရဖို့ လိုအပ်ပါတယ် ။ တော့တင်ဟမ် နဲ့ ပွဲမှာဆို သူတို့ အတော်လေး ဖိအားများ နေခဲ့ပီး ဟာလန်း ရဲ့ ဒုတိယ ဂိုးရပြီးမှ စိတ်ကြိုက် လွတ်လွပ်လပ်လပ် ကစား နိုင်ခဲ့တာပါ ။ ”

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် – မန်စီးတီး ၂-၀ ဝက်စ်ဟမ်း

” အာဆင်နယ် က ဒီရာသီမှာ ဘာအမှားမှ မလုပ် ခဲ့ပါဘူး ။ မနှစ်က ချန်ပီယံဆုကို ခြေချော်ပီး လက်လွတ်ခဲ့ရတဲ့နောက် သူတို့ ဒီရာသီ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာ နိုင်ခဲ့ပါတယ် ၊ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ အမှန်တရားက ဒီနှစ်လည်း ဒုတိယ နဲ့ ပဲ ဇာတ်သိမ်း ရဖို့ များနေတာပါပဲ ။ ”

MANCHESTER, ENGLAND – MAY 12: Declan Rice of Arsenal and Kobbie Mainoo of Manchester United during the Premier League match between Manchester United and Arsenal FC at Old Trafford on May 12, 2024 in Manchester, England.(Photo by Robbie Jay Barratt – AMA/Getty Images)

” ပြောရရင် အချိန်အခါကြောင့် ဖြစ်သွားခဲ့တာပေါ့ဗျာ ။ အာဆင်နယ်အသင်း ကောင်းလာတဲ့ အချိန်က မန်စီးတီး အသင်းကို ဘယ်အသင်း မှ အနိုင်ယူလို့ မရတဲ့ အချိန်မှာ ဖြစ်နေခဲ့တဲ့ အကျိုးဆက်ပါပဲ ။ ”

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂-၀ အဲဗာတန်

SM

မူရင်းသတင်း — Sports Myanmar