Sports Myanmar

Title Race မှာ အာဆင်နယ်ကို စိတ်မပူတော့တဲ့ အခိုက်အတန့်ကို ထုတ်ဖော်လိုက်တဲ့ ဟာလန်း

 

မန်စီးတီး စူပါစတား အာလင်းဟာလန်းက ပရီးမီးယားလိဂ် title race မှာ အာဆင်နယ်ရဲ့ ခြိမ်းခြောက်မှုကို လုံး၀ စိတ်မပူတော့တဲ့ အခိုက်အတန့်ကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ title race မှာ မန်စီးတီးကို နောက်ဆုံး ပွဲစဉ်အထိ အဆုံးအဖြတ် ခံယူရန် ဆွဲခေါ်သွားခဲ့ပေမယ့်လည်း ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ဝက်ဟမ်းကို ၃-၁ နဲ့ အနိုင်ယူကာ အမှတ်ပေးဖလားကို စံချိန်တင် ၄ ကြိမ်ဆက် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ၂ ရာသီဆက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟာလန်း ကလည်း နောက်ဆုံးပွဲစဉ် မတိုင်မီမှာပဲ သူတို့ ဗိုလ်စွဲတော့မယ် ဆိုတာ သိနေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ စီးတီးဟာ ပွဲစဉ် ၃၇ မှာ စပါးကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး ရာသီပိတ် ပွဲစဉ် မတိုင်မီ title race မှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရခဲ့ပါတယ်။

ဟာလန်းက “စပါးကွင်းမှာ ကျနော်တို့ အနိုင်ရရှိခဲ့ပြီးနောက် ကျနော်တို့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တော့မယ် ဆိုတာ သိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားရတာဟာ ထင်ထားတာထက် ခက်ခဲပါတယ်။ ပွဲတိုင်းဟာ ဖိုင်နယ်ပွဲလောက်တော့ မဟုတ်ပေမယ့် ဒါနဲ့ သိပ်ပြီးတော့ မကွာခြားလှပါဘူး။

၄၅ မိနစ် ကစားပြီးချိန်မှာ ကိုယ့်ဘက်က relax လုပ်လို့ မရပါဘူး။ ပွဲတိုင်းဟာ တအားကို ပြိုင်ဆိုင်မှု ပြင်းထန်ကာ ခက်ခဲပါတယ်။ ပက်ဟာ နေ့စဉ်နေ့တိုင်း တအားကို တောင်းဆိုမှု မြင့်မားပါတယ်။ သူ မျှော်လင့်ထားသလို မဖြစ်လာဘူးဆိုရင် ခင်ဗျား ဒုက္ခရောက်မှာပါ။ ကျနော် သူ့ကို တအား နှစ်သက်ပါတယ်။”

စီးတီး ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ ဒီဘရိုင်းနားနဲ့ ဟာလန်း ကလည်း အာဆင်နယ်နဲ့ ပြင်းထန်တဲ့ title race မှာ သူတို့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပါတယ်။

ဒီဘရိုင်းနားက “ကျနော်တို့ ဒီဖလား ရဖို့ အတွက် တအားကို ကြိုးစားခဲ့ရပါတယ်။ လီဗာပူး အာဆင်နယ် တို့နဲ့ ပြင်းထန်တဲ့ တိုက်ပွဲဆင်နွှဲခဲ့ရပါတယ်။ သမိုင်းဝင်အောင် လုပ်နိုင်တာကတော့ တကယ့်ကို စပယ်ရှယ်ပါပဲ။ ဒါဟာ စပယ်ရှယ် အဖြစ်ဆုံးတွေထဲက တစ်ခုပါ။ ကျနော် ခက်ခဲတဲ့နှစ်တစ်နှစ်ကို ကြုံခဲ့ရပြီး ၆ လလောက် ဒဏ်ရာ ရနေခဲ့ပါတယ်။ အသင်းကို ကောင်းမွန်တဲ့ ပုံစံနဲ့ ကူညီကာ ပြန်လာနိုင်ခဲ့တဲ့ အတွက် ဒါဟာ ကျနော့်အတွက် တကယ်ကောင်းတဲ့ အောင်မြင်မှုပါပဲ။”

ဘာနာဒိုဆေးလ်ဗားက “margin ဟာ တအားကို သေးငယ်ပါတယ်။ လီဗာပူးကို ကျနော်တို့ ၂ ရာသီမှာ တစ်မှတ်တည်းနဲ့ အနိုင်ရခဲ့ပါတယ်။ အခု အာဆင်နယ်ကိုလည်း ၂ မှတ်အသာနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာ မယုံနိုင်စရာပါပဲ။ ၄ ရာသီဆက် ဗိုလ်စွဲအောင် လုပ်နိုင်ခဲ့တဲ့ အတွ့် ကျနော်တို့ တအား ဂုဏ်ယူသလို တအားလည်း ပျော်ရွှင်မိပါတယ်။”

မူရင်းသတင်း — Sports Myanmar