Sports Myanmar

အာဆင်နယ် အသင်းကို ချန်ပီယံဆုနဲ့ လွဲချော်စေခဲ့တဲ့ ပွဲနှစ်ပွဲ အကြောင်း ထုတ်ပြောလာတဲ့ အာတီတာ

 

အာဆင်နယ် အသင်း နည်းပြ အာတီတာ က နောက်‌ဆုံး ပွဲစဉ်မှာ မန်စီးတီး အသင်းထံ ပရီးမီးယားလိဂ် ချန်ပီယံ‌ဆုကြီးကို လက်လွှတ်ခဲ့ရပြီးနောက် ဒီရာသီ သူတို့ကို ချန်ပီယံဆုနဲ့ လွဲချော်စေခဲ့တဲ့ အခိုက်အတန့် နှစ်ခု အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ဂန်းနားတို့ဟာ ဒီရာသီ မှာ နှစ် ၂၀ ကျော်ကြာ ဝေးကွာ နေခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို တစ်ကျော့ပြန် ရရှိဖို့ အနီးစပ်ဆုံး အနေအထား အထိ ရောက်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ မန်စီးတီး အသင်း ရဲ့ နောက်ကောက်ချခြင်းကို ခံလိုက်ရပြီး နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုနဲ့ ဝေးကွာ သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ က အဲဗာတန် အသင်း ကို အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ချန်ပီယံဆု နဲ့ လွဲချော် ခဲ့တာနဲ့ ပတ်သက်ပြီး ” ဧပြီလမှာ အက်စတန်ဗီလာ အသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲက ချန်ပီယံဆုကို လွဲချော်ခဲ့တာမှာ အဓိက ကျခဲ့တာပေါ့ဗျာ ။ ပထမပိုင်းမှာ လေးဂိုး ဂိုး မရှိလောက် ဖြစ်ခဲ့သင့်တာပါ ၊ အဲ့ဒီလိုသာဆို အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ် ။ ”

” နောက်တစ်ပွဲကတော့ အင်္ဂါနေ့မှာ ကစားခဲ့တဲ့ စပါး နှင့် မန်စီးတီး ပွဲပေါ့ဗျာ ။ အဲ့ပွဲမှာသာ ရလဒ် တစ်မျိုးတစ်မည် ထွက်သွားရင် ကျနော်တို့ ချန်ပီယံ ဖြစ်နိုင်ပါတယ် ၊ ဒီအရာသေးသေးလေးတွေကပဲ အဆုံးအဖြတ် ပေးသွားတာပါပဲ ၊ ကျနော်တို့ အာဆင်နယ် အသင်း အနေနဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်း နဲ့ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နိုင်ခဲ့တာကိုက ဂုဏ်ပြုချင်စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar