Sports Myanmar

လေးနှစ်ဆက် ချန်ပီယံဖြစ်အပြီး အာဆင်နယ် နှင့် အာတီတာ တို့နဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ဂွာဒီယိုလာ

 

မန်ချက်စတာ စီးတီး အသင်း နည်းပြ ပပ်ဂွာဒီယိုလာ က အာဆင်နယ် အသင်း နှင့် နည်းပြ အာတီတာ တို့ဟာ အရင်က ယာဂင်ကလောပ့် ရဲ့ လီဗာပူး အသင်း ခြေရာကို လိုက်နင်း နိုင်မယ့် အသင်းမျိုး ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ကောင်းလာတဲ့အသင်း ဖြစ်တယ်လို့ ချီးကျူးပြောကြား လိုက်ပါတယ် ။

ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ မန်စီးတီး အသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၃-၁ နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို လေးနှစ်ဆက်တိုက် ရယူ နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ် ။ တစ်ဖက်မှာလည်း အာဆင်နယ် အသင်းဟာ အဲဗာတန် ကို အနိုင်ရပေမယ့် မန်စီးတီး က အနိုင်ရသွားခဲ့တာကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ် လိုက်ရတာပါ ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာက လေးနှစ်ဆက် ချန်ပီယံ ဖြစ်အပြီးမှာ ပြိုင်ဘက် အာဆင်နယ် အသင်းနဲ့ ပတ်သက်ပြီး ” အရင်တုန်းက ကျနော်တို့ကို အဓိက တွန်းအားပေးခဲ့တဲ့ အသင်းက လီဗာပူးပေါ့ဗျာ ၊ အခုတော့ အာဆင်နယ် အသင်းပေါ့ ။ ကျနော့်ရဲ့ နှလုံးသားအတွင်းထဲကနေ အာတီတာနှင့် သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေ၊ ပရိသတ်တွေ ၊ ကစားသမားတွေကို ဂုဏ်ပြု စကားဆိုချင်ပါတယ် ။ ”

” သူတို့ သိပ်ကောင်းတဲ့ ဘောလုံး ရာသီတစ်ခုကို ပိုင်ဆိုင် ခဲ့တာပါ ။ သူတို့က ကျနော်တို့ အရင်တုန်းကလို အကောင်းဆုံး ဖြစ်နေဖို့ တွန်းအားပေးခဲ့တဲ့ အသင်းဆိုလည်း မှန်ပါတယ် ။ မီခေးလ် နှင့် သူ့ကစားသမားတွေဆီကနေ ကျနော်တို့ လာမယ့်နှစ်အတွက် သတင်းစကားကို ကျနော်တို့ ရထားပြီးပါပြီ ။ ဒါကြောင့် ကျနော်တို့ အနေနဲ့ လာမယ့် နှစ်တွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လိုအပ်ပါတယ် ၊ သူတို့ကတော့ ချန်ပီယံ ပြိုင်ပွဲထဲမှာ ဆက်ရှိနေမယ့် အသင်းပါ ။ ”

” ဒက်ကလန်ရိုက်စ် ၊ အော်ဒီဂတ် ၊ ဆလီဘာ ၊ ဟားဗတ်ဇ် ၊ ဆာကာ နှင့် ဂိုးသမားကို ခင်ဗျားတို့လည်း မြင်မှာပါ ။ သူတို့အားလုံး က ငယ်ရွယ်ပြီး ချန်ပီယံလိဂ်မှာလည်း အ‌တွေ့အကြုံ ရှိလာပါပြီ ၊ နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုရဖို့ အင်မတန် နီးစပ် ခဲ့ပါတယ် ၊ ကျနော်တို့လည်း အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့ရပြီး နှာတစ်ဖျားလေးနဲ့ အသာရ သွားခဲ့တာပါ ။ ကျနော်တို့ လုပ်နိုင်ခဲ့တဲ့ အတွက် သိပ်ကို အားရ ကျေနပ်မိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar