
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အန်ဒရေ အိုနားနားက သူ့ရဲ့ ပထမဆုံး ဘောလုံး ရာသီမှာ အဆင့် 8 နဲ့ ရာသီ ပိတ်သိမ်းခဲ့ရတာ ဆိုးရွားတဲ့ ရာသီ ဖြစ်စေခဲ့ကြောင်း ဝန်ခံရင်း နောက်ရာသီ သူ ပိုအဆင်ပြေလာမယ်လို့ အကောင်းမြင်သွားခဲ့လိုက်ပါတယ် ။
အန်ဒရေ အိုနားနား ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းအတွက် ကစားပေးခဲ့တဲ့ ပထမဆုံး ဘောလုံး ရာသီမှာ ဒဏ်ရာများပြီး ယိုယွင်းနေခဲ့တဲ့ ခံစစ် တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး ဂိုးပေါက် ကန်သွင်းမှု အကြိမ် 200 ကျော် အထိကို ရင်ဆိုင်ခဲ့ရပါတယ် ။

ရာသီကုန်မှာတော့ ယူနိုက်တက်တို့ဟာ ပေးဂိုး 58 ဂိုးထိ ပေးခဲ့ရပြီး သွင်းဂိုး 57 ဂိုးသာရရှိခဲ့ကာ 1 ဂိုး minus ပြနေခဲ့ရပါတယ် ။ အခုတော့ အိုနားနား က သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံး ဘောလုံး ရာသီဟာ မေ့ပျောက်လိုက်သင့်တဲ့ ရာသီဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။
” ဂိုးပေါက် အများကြီး ကန်သွင်းခံခဲ့ရတာလား? ဒါဟာ ပေးဆပ်ရခြင်း တစ်ခုပါပဲ ။ အရာရာတိုင်းက ယာယီပါပဲ ။ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်တို့ ဒါကို မကြုံခဲ့ရပါဘူး ။ နောက်ရာသီ ကျွန်တော်တို့ ဒါကို ကြုံတွေ့ရမှာ မဟုတ်ဘူးလို့ 100% ပြည့် သေချာပါတယ် ”

” ဒါကဘောလုံးပါ၊ အခိုက်အတန့်တွေက အရေးပါတယ်လို့ ကျွန်တော် တွေးပါတယ် ။ ကျွန်တော်တို့ ဒီရာသီ ဒဏ််ရာ ပြသနာတွေ အများကြီး ကြုံခဲ့ကြပါတယ် ။ အရေးပါတဲ့ ကစားသမားတွေ ဒဏ်ရာရခဲ့ကြတာပါ ။ ဟုတ်ပါပြီ ၊ အဲ့တာက ဆင်ခြေတော့ မဟုတ်ပါဘူး ”
” ဒါက ကျွန်တော်တို့ အားလုံးအတွက် ဆိုးရွားတဲ့ ရာသီ တစ်ခုပါပဲ ။ ကျွန်တော်တို့ အပေါင်း လက္ခဏာဆောင်တဲ့အတွေးတွေ ရှိနေဖို့လိုပါတယ် ။ အရာရာတိုင်းက အဆင််ပြေသွားပါလိမ့်မယ် ။ ဒီရာသီ မဟုတ်ရင်တောင် နောက်ရာသီမှာ အဆင်ပြေသွားမှာပါ ” လို့ အိုနားနား က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#SM