
မန်ယူအသင်းပရိသတ်များသည် အသင်းနည်းပြ တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲခဲ့သည့် ပိုချက်တီနိုအား ၎င်း၏နေရာတွင် အစားထိုးခန့်အပ်ရန် အသင်းထံ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် မေလ (၂၁) ရက်တွင် အသင်းကိုတစ်ရာသီသာ ကိုင်တွယ်ရသေးသည့် နည်းပြ ပိုချက်တီနိုနှင့်လမ်းခွဲကြောင်း အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။
ပိုချက်တီနို(၅၂ နှစ်)သည် ရာသီအကုန်ပိုင်းတွင် ချယ်လ်ဆီးအသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် မန်ယူပရိသတ်များက ၎င်းကို သဘောကျနေပြီး ဖိအားများခံစားနေရကာ အနာဂတ်မရေမရာဖြစ်နေသည့် အသင်းနည်းပြ တန်ဟက်ဂ်၏နေရာတွင် အစားထိုးခန့်အပ်ရန် လူမှုကွန်ရက်များတွင် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
မန်ယူပရိသတ်တစ်ဦးက "ယူနိုက်တက်အနေနဲ့ သူတို့အတွက် ဘာကောင်းလဲဆိုတာကိုသိရင် ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်သင့်တယ်"ဟု X တွင် ရေးသားခဲ့ပြီး တခြားမန်ယူပရိသတ်တစ်ဦးကလည်း "ကျွန်တော်ကတော့ ပိုချက်တီနိုကို ယူနိုက်တက်ဆီ ခေါ်ချင်တယ်"ဟု ရေးသားခဲ့သည်။
မန်ယူပရိသတ်အများအပြားသည် လူမှုကွန်ရက်များတွင် တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် အခြားနည်းပြများထက် ပိုချက်တီနိုကိုသာ ခန့်အပ်သင့်ကြောင်း ရေးသားခဲ့ကြခြင်းဖြစ်သည်။