
ဇာဘီအလွန်ဆို ရဲ့ လေဗာကူဆင် အသင်းကတော့ ဒီမနက် ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာ စီရီးအေ ကလပ် အတ္တလန်တာ အသင်းကို ၃ ဂိုးပြတ် အရေး နိမ့်ပြီး ပြိုင်ပွဲစုံ ၅၁ ပွဲဆက် ရှုံးပွဲ မရှိ စံချိန် ရပ်တန့် သွားခဲ့ရပါတယ် ။
အတ္တလန်တာ အသင်းဟာ လေဗာကူဆင် အသင်းကို လွတ်မန်း ရဲ့ ဟက်ထရစ် သွင်းဂိုး နဲ့ အတူ သုံးဂိုးပြတ် အနိုင် ရသွားခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ သမိုင်းတစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှု ကို ရယူ သွားနိုင်ခဲ့ကာ ၆၁ နှစ်ကြာ ဖလား လက်မဲ့ ဖြစ်နေမှုကိုလည်း ရပ်တန့် နိုင်ခဲ့ပါတယ် ။

လေဗာကူဆင် အသင်း အတွက်တော့ ဒီရာသီ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ သွားခဲ့ရတာ ဖြစ်ပြီး ရှုံးပွဲ မရှိ လဖလား သုံးလုံး မျှော်လင့်ချက် ပျက်ပြယ် သွားခဲ့ပါတယ် ။ လေဗာကူဆင် အသင်း ကွင်းလယ်လူ ရှာကာကတော့ ပွဲအပြီးမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်မှီမှာကတည်းက တစ်ရာသီလုံး ရှုံး ပွဲ မရှိ ဖြတ်သန်းဖို့ကို စိတ်ဝင်စားခဲ့ခြင်း မရှိကြောင်း ပြောကြား သွားခဲ့ပါတယ် ။
” အရိုးသားဆုံး ပြောရရင် ကျနော်တို့ အနေနဲ့ ရှုံးပွဲ မရှိ မှတ်တမ်းကို စိတ်ဝင်စားခြင်း မရှိပါဘူး ။ ပွဲအပေါ်ပဲ အာရုံ ရှိခဲ့တာပါ ၊ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ ဗိုလ်လုပွဲကို အရေးနိမ့် သွားခဲ့ပါတယ် ၊ ဒါကိုက ဘောလုံး ပါပဲ ။ မနေ့ကတည်းက ဒီနေ့ပွဲက ခက်ခဲလိမ့်မယ် ဆိုတာ ကျနော်တို့ ပြောထားပြီးသားပါ ၊ အတ္တလန်တာ အသင်းကို ချီးကျူး ဂုဏ်ပြု ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လေဗာကူဆင် အသင်း ရဲ့ ရှုံး ပွဲ မရှိ စံချိန် မှတ်တမ်းဟာ ၉ လ ကျော် ကြာမြင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၄၁ ပွဲနိုင် ၊ ၉ ပွဲ သရေ ၊ သွင်းဂိုး ၁၄၃ ဂိုး ၊ ပေးဂိုး ၃၉ ပေးခဲ့ရပါတယ် ။ လေဗာကူဆင် အသင်းဟာ ၂၀၁၃-၁၄ ခုနှစ်တုန်းက ဘင်ဖီကာ နောက်ပိုင်း ယူရိုပါိလိဂ် ဗိုလ်လုပွဲ မှာ အရေးနိမ့်တဲ့ ပထမဆုံး အမှတ်ပေး ချန်ပီယံ အသင်း အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ် ။
SM