Eleven Media Group

ပိုချက်တီနိုလမ်းခွဲနဲ့ အပြာရောင်လန်ဒန်ကလပ်ရဲ့ အစီအစဉ်မကျခြင်းနေ့စွဲများ

Photo : Getty Images

ပြီးခဲ့တဲ့ မေ (၂၂) ရက်နေ့မှာပဲ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုနဲ့ နှစ်ဦးသဘောတူလမ်းခွဲကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်။ ပုံမှန်အရဆို ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ သတင်းတစ်ပုဒ် ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ပိုချက်တီနိုဆိုတာ ချယ်လ်ဆီးအသင်းကိုစတင်ကိုင်တွယ်ကတည်းက ရလဒ်ဆိုးတွေ၊ ကစားပုံအားနည်းချက်တွေ၊ အသင်းရဲ့ ကွင်းတွင်းကွင်းပြင် မတည်ငြိမ်ခြင်းသတင်းစကားတွေနဲ့အတူ ချယ်လ်ဆီးပရိသတ်တွေရဲ့ ထုတ်ပယ်ဖို့တောင်းဆိုမှုကို မကြာခဏကြုံတွေနေရသူဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group