
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်း ခေါင််းဆောင် ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် က အသင်းရဲ့ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေခဲ့ပြီး ဆိုးရွားတဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရတဲ့နောက် အသင်းရဲ့ အဆင့်အတန်း အကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ အဆင့် 8 နေရာ နဲ့ ရာသီပိတ်သိမ်းခဲ့ရပြီး ချန်ပီယံလိဂ် နဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲတွေမှာလည်း အခြေအနေမကောင်းဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ FA ဖလား ပြိုင်ပွဲမှာတော့ ဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာပဲ အပေါင်း လက္ခဏာဆန်ခဲ့ပါတယ် ။ အခုတော့ ဘရူနို က အသင်းရဲ့ ရည်မှန်းချက် နဲ့ သူ့ရဲ့ ရည်မှန်းချက် ကိုက်ညီချင်ကြောင်း ၊ ပြိုင်ပွဲတိုင်းမှာ ယှဥ်ပြိုင်လိုကြောင်း ၊ ချန်ပီယံလိဂ် ကစားချင်ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။
” FA ဖလား ဖိုင်နယ်ပွဲ မတိုင်မီမှာ ကျွန်တော် ခင်ဗျားတို့ကို ရင်ထဲက စကား အနည်းငယ် ပြောပြချင်ပါတယ် ။ ဒါဟာ ခင်ဗျားတို့တွေ အတွက် လွယ်ကူတဲ့ ဘောလုံး ရာသီ တစ်ခု ဖြစ်ခဲ့မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သိနေပါတယ် ”

” ကျွန်တော်က ကျွန်တော့်ရဲ့ မျှော်မှန်းချက် နဲ့ အသင်းရဲ့ မျှော်မှန်းချက်ကို ကိုက်ညီစေချင်ပါတယ် ။ အကယ်လို့ ခင်ဗျားဟာ ပရိသတ်တွေကို သွားမေးရင်လည်း သူတို့ဆီက တူညီတဲ့ စကားသံပဲ ကြားရမှာပါ ။ ကျွန်တော်တို့တွေ အမှတ်ပေး ဖလားမှာ ယှဥ်ပြိုင်နိုင်စွမ်း ရှိချင်ပါတယ် ”
” ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားချင်ကြပါတယ် ။ ကျွန်တော်တို့ ဖလား ဖိုင်နယ် ပွဲစဥ်တွေ ကစားချင်ကြပါတယ် ။ အဲ့တာကမှ အသင်းရဲ့ အဆင့်အတန်းပါပဲ ။ ကျွန်တော်လိုချင်တာ အဲ့တာပါပဲ ။ ခင်ဗျားတို့ လိုချင်ကြတာလဲ ဒါပါပဲ ”

” ကျွန်တော်တို့ဟာ ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ အဆင့်အတန််း တစ်ခုမှာ ရှိမနေခဲ့ကြပါဘူး ။ ခင်ဗျားတို့ ထောက်ခံ အားပေးခဲ့တာနဲ့ ထိုက်တန်တဲ့အရည်အသွေး မပြနိုင်ခဲ့ကြပါဘူး ။ အသင်း ခေါင်းဆောင် တစ်ဦးအနေနဲ့ ကျွန်တော် ဒါကို အခြားသူတွေထက် ပိုပြီး ခံစားခဲ့ရပါတယ် ”
” ကျွန်တော် အာမခံချက်ပေးချင်တဲ့ တာဝန်ယူပြချင်တဲ့ ပုံစံက ဒါမျိုး မဟုတ်မနေခဲ့ဘူးလေ ။ စိတ်ပျက်မှု ၊ ဒါကို ကျွန်တော်တို့ အားလုံး ခံစားနေခဲ့ရတာပဲ မဟုတ်လား ? ” လို့ ဘရူနို က ပြောကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
#SM