Sports Myanmar

သမိုင်းမှတ်တိုင်စိုက်ထူတဲ့ ဂရိစ်ကလပ် ၊ နွေရာသီရဲ့ အပြောင်းအရွှေ့တွေနဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရင့်စ်လိဂ် ဗိုလ်လုပွဲမှာတော့ အိုလံပီယာကော့စ် အသင်းဟာ ဖီအိုရင်တီးနား အသင်းကို အနိုင်ကစားပြီး ချန်ပီယံ ဖြစ်လာခဲ့ပါတယ် ။ အိုလံပီယာကော့စ် ဟာ ဂရိစ် ကလပ်တွေထဲမှာ ပထမဆုံး ဥရောပအဆင့် ဖလားကို ရယူဆွတ်ခူးတဲ့ ကလပ်လည်း ဖြစ်လာခဲ့တာပါ ။

ခါရာဘောင် ဖလား ပြိုင်ပွဲရဲ့ ယှဉ်ပြိုင်မှု ပုံစံကို လာမယ့် ရာသီမှာ အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေပြီး ဥရောပ ပြိုင်ပွဲဝင်ရောက် ကစားရမယ့် ကလပ်တွေဟာ တတိယ အဆင့်ကို ပါဝင်ယှဉ်ပြိုင်ဖို့ မလိုအပ်တော့ဘူးလို့ ကြားသိရပါတယ် ။

မန်စီးတီး အသင်းကတော့ တိုက်စစ်မှူးလေး အယ်လ်ဗာရက်စ် ကို လာမယ့် ကိုပါ အမေရိက အပြင် အိုလံပစ် ပြိုင်ပွဲ ( အိုလံပစ်အတွက် ရွေးချယ်ခံရပါက ) တွေကိုပါ ပါဝင်ဖို့ ခွင့်ပြုသွားဖွယ် ရှိနေပါတယ် ။

လက်စတာ စီးတီး ဟာ ချဲလ်ဆီး နည်းပြ ဖြစ်လာတော့မယ့် အန်ဇို မာရက်စကာ ရဲ့ နေရာကို အစားထိုးဖို့ နည်းပြရှာပုံတော် ဖွင့်နေပြီး မန်ယူနိုက်တက် နဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်း ရုဒ် ဗန် နစ္စတယ်ရွိုင်း ဟာ ရေပန်းအစားဆုံးအဖြစ် ရှိနေတယ်လို့ သိရပါတယ် ။

မစ်ဒယ်ဘရော့ အသင်းရဲ့ နိည်းပြ အာရွန် ဒန့် ကတော့ ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာတဲ့ ဗင်းဆင့် ကွန်ပနီ ရဲ့ နည်းပြအဖွဲ့ဝင် ဖြစ်လာဖို့ ရှိနေတယ်လို့ သိရပါတယ် ။

အက်စတွန် ဗီလာ ၊ အာဆင်နယ် နဲ့ ဝက်စ်ဟမ်း အသင်းတွေဟာ အမေရိကန် ယူ-၂၃ ကစားသမားလေး ရိုကတ် ပွတ်စကတ်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ် ။

ဝက်စ်ဟမ်း ကို အငှားထွက် ကစားခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ဟာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် တည့်မတ်ဖို့ အတွက် အင်္ဂလန်ပြင်ပကို ထွက်ခွာ ကစားဖို့ စိတ်ကူးနေတယ်လို့ ကြားသိရပါတယ် ။

အက်စတွန် ဗီလာ နည်းပြ အူနိုင်း အမ်မရီ ဟာ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လာဟာ ကို နွေရာသီ အဓိက ပစ်မှတ်တခု အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ကတော့ နယ်သာလန် ကစားသမား ကော့ပ်မီးနားစ် ကို ခေါ်ယူဖို့ အားစိုက် လုပ်ဆောင်သွားမယ်လို့ ကြားသိရပါတယ် ။

ဒေးဗစ် ဘက်ခမ်း ရဲ့ အင်တာမိုင်ယာမီ ကတော့ မက်ဆီ ရဲ့ အာဂျင်တီးနား အသင်းဖော် ဒီမာရီယာ ကို လာမယ့် ဇွန်လထဲမှာ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်လာခဲ့ပါတယ် ။

ပရီးမီးယားိလိဂ် ကို တန်းတက်လာတဲ့ အစ်ပ်ဆွစ်ချ်တောင်း အသင်းဟာ လက်ရှိ နည်းပြ ကီရန် မက္ကန်နာ ကို မကြာခင် စာချုပ်သက်တမ်းတိုးသွားဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းခေါင်းဆောင် ဆာဂျီ ရောဘတ်တို ဟာလည်း အသင်းနဲ့ မကြာခင် စာချုပ်သက်တမ်းတိုးမယ်လို့ သိရပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar