
လက်တစ်လောမှာ အာဆင်နယ် အသင်းဟာ ဗီအဲရာ အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်ဖို့ အသင့် ဖြစ်နေပြီး စမစ်ရို ကို ခေါ်ချင်တဲ့ အသင်းတွေနဲ့လည်း ဆွေးနွေး ပြောဆိုမှုတွေ လုပ်သွားဖို့ ရှိတယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ် ။
ဒါပေမဲ့ အာဆင်နယ် အသင်း ပရိသတ် တစ်ဦး ဖြစ်တဲ့ နာမည်ကျော် သတင်းထောက် ချားလ်စ်ဝက် ကတော့ ကစားသမား နှစ်ဦး စလုံး အသင်းကနေ ထွက်ခွာဖို့ မဖြစ်နိုင်ကြောင်း သုံးသပ်လိုက်ပြီး နှစ်ဦး ထဲမှာ စမစ်ရို က ပိုပီး ထွက်ခွာ နိုင်ချေ ရှိတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ်။

ဗီအဲရာ နှင့် စမစ်ရို တို့ နှစ်ဦး စလုံးဟာ အာဆင်နယ် အသင်းမှာ ကစားခွင့် များများစားစား မရရှိတာကြောင့် လာမယ့် ယူရို ၂၀၂၄ အတွက် သက်ဆိုင်ရာ နိုင်ငံ အသင်းတွေရဲ့လူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါတယ် ။ ဗီအဲရာ ဟာ ပေါ်တူဂီ ယူ၂၁ အသင်းအတွက် ပွဲပေါင်း ၂၅ ပွဲ ကစားရာမှာ သွင်းဂိုး ပါဝင် ပတ်သက်မှု ၂၀ အထိ ရှိပေမယ့် ခုချိန်ထိ နိုင်ငံ အသင်းကြီးအတွက် ကစားရခြင်း မရှိသေးပါဘူး ။
စမစ်ရို ကတော့ သူ့ရဲ့အင်္ဂလန် လက်ရွေးစင် ပွဲဦးထွက်ကို ၂၀၂၁ ခုနှစ်မှာ ကစားခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လ မှာ နောက်ဆုံး ရွေးချယ် ခံခဲ့ရကာ အဲ့နောက်ပိုင်းကတည်းက အသင်းကြီးမှာ မကစားရတော့တာ ဖြစ်ပါတယ် ။ ဗီအဲရာ ဟာ အာဆင်နယ် အတွက် ဒီရာသီမှာ စုစုပေါင်း မိနစ် ၄၇၀ ကစားခဲ့ပြီး တစ်ဂိုးသွင်း ၊ သုံးဂိုးဖန်တီး ပေးခဲ့ပါတယ် ။

စမစ်ရို ကတော့ အာဆင်နယ် အတွက် ဒီရာသီမှာ စုစုပေါင်း ၄၇၄ မိနစ် ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။
SM