Eleven Media Group

■ စူပါဖလားတွင် ရီးယဲလ်နှင့် ဆုံတွေ့လိုဟု ဂက်စ်ပါရီနီ ဆို

Photo: Getty Images

အတ္တလန်တာအသင်း၏နည်းပြ ဂက်စ်ပါရီနီက ဥရောပစူပါဖလားပြိုင်ပွဲတွင် ရီးယဲလ်နှင့် ဆုံတွေ့လိုသည်ဟု ပြောကြားခဲ့သည်။

အတ္တလန်တာအသင်းသည် ယူရိုပါလိဂ်ချန်ပီယံဆု ရရှိခဲ့သောကြောင့် ဥရောပစူပါဖလား ယှဉ်ပြိုင်ခွင့်ရရှိထား ပြီး ချန်ပီယံလိဂ်ဖလားရရှိသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးယဲလ်နှင့် ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဂက်စ်ပါရီနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group