
ခရစ်တီယာနို ရော်နယ်ဒို ဟာ သူ့ရဲ့ အသင်း အယ်နာဆာ နှင့် လက်ရှိ ဆော်ဒီ လိဂ်မှာ အအောင်မြင်ဆုံး ဖြစ်နေတဲ့အယ်ဟိုင်လဲလ် ကြား ကွာခြားမှု ကို လျော့ချနိုင်အောင် ကစားသမား နှစ်ဦး ကို ခေါ်ပေးဖို့ တောင်းဆို ထားတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။
အယ်ဟိုင်လဲလ် အသင်း ဟာ ဒီရာသီမှာ ဆော်ဒီ အမှတ်ပေး ချန်ပီယံဆုကို အမှတ် အပြတ်အသတ် နဲ့ ရယူ နိုင်ခဲ့သလို Kings Cup of Champions Final မှာလည်း ရော်နယ်ဒို ရဲ့ အယ်နာဆာ အသင်းကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ် ။

အယ်နာဆာ အသင်း အပေါ်မှာ လွှမ်းမိုးမှု အတော်လေး ရှိတဲ့ ရော်နယ်ဒို ဟာ အသင်း ရဲ့လူစာရင်း ကို အင်အား ဖြည့်တင်းမှုတွေ ထပ်လုပ်စေချင်နေပြီး သူ့ရဲ့အသင်းဖော်ဟောင်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကတ်စမဲရိုးကို ခေါ်ယူပေးဖို့ တောင်းဆို ထားတယ်လို့ Marca က ရေးသား ဖော်ပြ လာခဲ့ပါတယ် ။
ကတ်စမဲရိုး ဟာ ရော်နယ်ဒို နဲ့ ရီးယဲလ်မက်ဒရစ် အသင်းမှာရော မန်ယူနိုက်တက် အသင်းမှာပါ အသင်းဖော်တွေ အဖြစ် ကစားခဲ့သူတွေ ဖြစ်ပါတယ် ။ ဘရာဇီး ကွင်းလယ်လူ ဟာ ဒီနွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ရှိနေပြီး ဆော်ဒီ လိဂ် ကို ပြောင်းရွှေ့ကစားမယ်လို့ သတင်းတွေ ထွက်နေသူပါ ။

ရော်နယ်ဒို ဟာ ကတ်စမဲရိုး အပြင် လောလောလတ်လတ် ရီးယဲလ်မက်ဒရစ် အသင်း နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းခေါင်းဆောင် နာချို ဖာနန်ဒက်စ် ကို ခေါ်ယူပေးဖို့ တောင်းဆို ထားတာပါ ။ Marca ရဲ့ အဆိုအရ ရော်နယ်ဒို ဟာ နာချို ကို အယ်နာဆာ အသင်းမှာ လာရောက် ကစားဖို့ ဖုန်းခေါ် စည်းရုံးခဲ့တယ်လို့ သိရပါတယ် ။
SM