Sports Myanmar

မန်ယူနိုက်တက် အာဆင်နယ် တို့ရဲ့ လမ်းစဉ်ကို လီဗာပူးတို့ ရှောင်လွှဲနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ကာရေဂါ

 

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဂန္တဝင် နည်းပြကြီးတွေ ဖြစ်ကြတဲ့ အာဆင်ဝင်းဂါး နဲ့ ဆာအဲလက်စ်ဖာဂူဆန် တို့ ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ရုန်းကန် ကျဆင်းမှုတွေ ရှိခဲ့ပေမယ့်လည်း ဂျေမီကာရေဂါက သူ့ရဲ့ အသင်းဟောင်း လီဗာပူးကတော့ ဒီအသင်းတွေ ဆီကနေ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူထားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယာဂန်ကလော့ဟာ လီဗာပူးကို ကိုင်တွယ်ခဲ့တဲ့ ၉ နှစ်တာ ကာလအတွင်းမှာ အန်ဖီးကလပ်ကို ထိပ်တန်းအဆင့်ကို ရောက်အောင် ပြန်လည် ဆွဲတင်နိုင်ခဲ့ပြီး ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ရာသီကုန်မှာ လီဗာပူးကနေ ထွက်ခွာသွားခဲ့တဲ့ ဂန္တဝင် နည်းပြ ကလော့ရဲ့ နေရာမှာ အာနီဆလော့က အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

Soccer Football – Premier League – Liverpool v Wolverhampton Wanderers – Anfield, Liverpool, Britain – May 19, 2024
Liverpool manager Juergen Klopp reacts as he gives a speech after his last match as Liverpool manager REUTERS/Phil Noble EDITORIAL USE ONLY. NO USE WITH UNAUTHORIZED AUDIO, VIDEO, DATA, FIXTURE LISTS, CLUB/LEAGUE LOGOS OR ‘LIVE’ SERVICES. ONLINE IN-MATCH USE LIMITED TO 120 IMAGES, NO VIDEO EMULATION. NO USE IN BETTING, GAMES OR SINGLE CLUB/LEAGUE/PLAYER PUBLICATIONS. PLEASE CONTACT YOUR ACCOUNT REPRESENTATIVE FOR FURTHER DETAILS..

မန်ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာပြီးနောက်ပိုင်း အခုထိ ရုန်းကန်နေရဆဲ ဖြစ်သလို အာဆင်နယ် ကလည်း ကလပ်ကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အာဆင်ဝင်းရဲ့ ခေတ်အလွန်မှာ ရုန်းကန် ခဲ့ရပြီး အာတီတာ လက်ထက်ရောက်မှသာ ပြန်လည် ဦးမော့လာခဲ့ပါတယ်။ လီဗာပူး ဂန္တဝင် ကာရေဂါက သူ့ရဲ့ အသင်းဟောင်းဟာ အာဆင်နယ် မန်ယူနိုက်တက် တို့ရဲ့ အဖြစ်အပျက်တွေ ကနေ သင်ခန်းစာ ရယူနိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ကာရေဂါက “မန်ယူနိုက်တက်ဟာ အဲလက်စ်ဖာဂူဆန် ထွက်ခွာပြီးနောက်ပိုင်း အဆင့် ၁ ကနေ ၇ ထိ ရောက်သွားခဲ့ပါတယ်။ လီာပူးဟာ ဒီရာသီမှာ အဆင့် ၃ နေရာက ရခဲ့ပါတယ်။ လာမည့်ရာသီမှာ သူတို့ အဆင့် ၁၀ နေရာ ရလိမ့်မယ်လို့တော့ ကျနော် မထင်မိပါဘူး။ နွေရာသီဈေးကွက်မှာ သူတို့ အားဖြည့်မှု ကောင်းကောင်း လုပ်နိုင်ခဲ့မယ်ဆိုရင် သူတို့ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။

လီဗာပူးဟာ ဖာဂူဆန် ထွက်ခွာသွားချိန်တုန်းက မန်ယူနိုက်တက်ရဲ့ ဖွဲ့စည်းပုံမျိုး မဟုတ်ပါဘူး။ ဝင်းဂါး ကလည်း ဒီအတိုင်းပါပဲ။ သူတို့ဟာ old-fashioned ဘောလုံး မန်နေဂျာတွေ ဖြစ်ကြပြီး ကလပ်မှာ အရာအားလုံးကို ထိန်းချုပ်ခဲ့ပါတယ်။ ဒီလိုနေ့တွေဟာ ပြီးဆုံးသွားပါပြီ။ ဒီလို နေ့တွေ ပြီးဆုံးသွားခဲ့တဲ့ အကြောင်းရင်းကတော့ ဒီလိုမျိုး မန်နေဂျာတွေ ထွက်ခွာသွားတဲ့ အချိန်မှာ ကလပ်ဟာ အစကနေ ပြန်လည် စတင်ရတာ မလို့ပါ။

LIVERPOOL, ENGLAND – APRIL 24: Jurgen Klopp the head coach / manager of Liverpool consoles his players at full time after the 2-0 loss during the Premier League match between Everton FC and Liverpool FC at Goodison Park on April 24, 2024 in Liverpool, England.(Photo by Robbie Jay Barratt – AMA/Getty Images)

ဒါကို ဘယ်မန်နေဂျာမှ မလိုချင်ပါဘူး။ အာနီဆလော့ဟာ လီဗာပူးကို မန်နေဂျာ ထက်စာရင် head coach အနေနဲ့ ရောက်လာမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ မန်ယူနိုက်တက် နဲ့ အာဆင်နယ် တို့လိုမျိုး ကျဆင်းသွားလိမ့်မယ်လို့ ကျနော် မမြင်မိပါဘူး။ ကျဆင်းမှုက ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလော့ဟာ အရမ်းကို တော်တဲ့ မန်နေဂျာ ဖြစ်လို့ပါ။ ဒါပေမယ့် လီဗာပူး ချန်ပီယံလိဂ် အပါအဝင် အခြား ဆုဖလားတွေကို စိန်ခေါ်နိုင်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။”

မူရင်းသတင်း — Sports Myanmar